မီးဘေးသင့်အသင်းသားများအား စထာပါနာလီမိတက်မှ အားပေးကူညီထောက်ပံ့လှူဒါန်းခြင်း
စထာပါနာလီမိတက်သည် မိမိ၏အသင်းသားများ အခက်အခဲကြုံတွေ့ရချိန်တိုင်းတွင် တတ်အားသမျှ ပါဝင်ကူညီရန် အမြဲအသင့်ရှိနေပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် သဘာဝမီးဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော ငပုတောမြို့နယ်၊ ဥသျှစ်ကွင်းကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာရှိ စထာပါနာအသင်းသားများထံသို့ စထာပါနာလီမိတက်၊ ပုသိမ်ရုံးခွဲ မှ ရုံးခွဲတာဝန်ခံနှင့် ဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေး ကူညီခဲ့ကြပါသည်။ မီးဘေးသင့် မိသားစုများ၏ ပူပင်သောကများ အနည်းငယ်ဖြစ်စေ…