𝐁𝐌’𝐬 𝐑𝐞𝐟𝐫𝐞𝐬𝐡𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠

စထာပါနာလီမိတက် ရုံးခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ရုံးခွဲတာဝန်ခံများအတွက် ရုံးလုပ်ငန်းများကို လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ “BM’s Refreshment Training” ကို ရုံးချုပ်တွင် အောင်မြင်စွာပို့ချနိုင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် ဝေမျှလိုက်ပါသည်။
 
ဤသင်တန်းသည် ရုံးခွဲတာဝန်ခံများ ချမှတ်ထားသော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များနှင့်အညီ ရုံးခွဲများကို စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်၍ မျှဝေပေးခဲ့သော သင်တန်းတခုဖြစ်ပါသည်။ ရုံးခွဲတာဝန်ခံများသည် ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့် ကျွန်ုပ်တို့ စထာပါနာ၏ ရည်မှန်းချက်များကို တာဝန်သိစွာ ဖော်ဆောင်ပေးနေသူများဖြစ်ပါသည်။ ဒါအပြင် ရုံးခွဲတာဝန်ခံများသည် ရုံးခွဲတစ်ခုလုံး၏ ခေါင်းဆောင်များဖြစ်သည်အလျှောက် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဆက်သွယ်ဆက်ဆံနိုင်ရန်အတွက် “Effective Workplace Communication Training” ကိုလဲ ပို့ချပေးနိုင်ခဲ့ပါသည်။
 
ယခုအစီအစဉ်မှာ စထာပါနာ၏ စဥ်ဆက်မပြတ်လေ့လာသင်ယူမှုများကို အားပေးခြင်း၊ ဝန်ထမ်းများ အပေါ်ထားရှိသည့် ကတိကဝတ်များအနက် တစိတ်တပိုင်းဖြစ်သော၊ စထာပါနာနှင့်အတူတကွ ပိုမိုတိုးတက်အောင်မြင်သော ဝန်ထမ်းများဖြစ်လာစေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန် အတွက်ပံ့ပိုးကူညီအားဖြည့်ပေးသည့် အစီအစဉ်ကောင်းတစ်ခု လည်းဖြစ်ပါသည်။
 
သင်တန်းတစ်လျှောက်လုံးတွင် ပရော်ဖက်ရှင်နယ်ပီသမှု၊ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုနှင့် ကြိုးစားအားထုတ်မှု တို့ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသော မန်နေဂျာများအားလုံးအား ကျွန်ုပ်တို့၏ စိတ်ရင်းမှန်ဖြင့် အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ပြောကြားအပ်ပါသည်။

 

 

 

 

Share this post

More News!