“Act for Humanity: Empowering Communities Together”
ယနေ့သည် ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ (World Humanitarian Day) ဖြစ်ပြီး၊ စစ်မှန်သောပြောင်းလဲမှုများသည် အခြားသူများအတွက် တစ်စုံတစ်ရာလုပ်ဆောင်ပေးရန် ကျွန်ုပ်တို့ရွေးချယ်လိုက်သည့်အချိန်မှ စတင်ကြောင်း သတိပေးသည့် ကမ္ဘာလုံးဆိုင်ရာနေ့တစ်နေ့လည်း ဖြစ်ပါသည်။
စထာပါနာလီမိတက်မြန်မာသည် စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့ဝန်ဆောင်မှုပေးနေသော လူမှုအသိုင်းအဝိုင်းများကို ပိုမိုကောင်းမွန်တိုးတက်စေရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်ဟု ယုံကြည်ပါသည်။
ယနေ့တွင် ကျွန်ုပ်တို့၏ လူမှုအကျိုးပြုလုပ်ဆောင်ချက်များ (CSR Activities) ထဲမှ ဂုဏ်ယူရသော အခိုက်အတန့်အချို့ကို အမှတ်ရရင်း ပြန်လည်မျှဝေချင်ပါသည်။ တစ်ဖက်မှာလည်း ကမ္ဘာကြီးကို ပိုမိုလုံခြုံပြီး နွေးထွေးကြင်နာတဲ့နေရာတစ်ခုဖြစ်လာအောင် ကိုယ်ကျိုးမဖက်ဘဲ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေကြသော လုပ်သားများအားလုံးကို လေးစားဂုဏ်ပြုအပ်ပါသည်။



