Leadership Excellence Workshop Training

စထာပါနာလီမိတက်မှ ဝန်ထမ်းတိုးတက်မှုအတွက်” Leadership Excellence Workshop “အား မန်နေဂျာရာထူးများအတွက် ဖေဖော်၀ါရီလ ၁၆ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ။ သင်တန်းတွင် စထာပါနာလီမိတက်၏ Head Office တွင်ရှိသော ဌာနဆိုင်ရာအသီးသီးမှာ မန်နေဂျာများတက်ရောက်ခဲ့ကြပါသည်။ ဤ သင် တန်း သည်လူတယောက်၏ ကိုယ်ရည်ကိုယ်သွေးများတိုးတက်လာအောင် ၊ ခေါင်းဆောင်မှု၏ အခြေခံသဘောတရားများကိုနားလည်သဘောပေါက်ပြီး လိုအပ်သလိုအမျိုးမျိုးသော ခေါင်းဆောင်မှု ပုံစံများကို ချမှတ်ကာလိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ရန် ၊ လူအများနှင့်ပေါင်းဆက်လုပ်ကိုင်ရတဲ့အခါ တိကျမှန်ကန်သော ဆုံးဖြတ်ချက်များ ချတ်မှတ်နိုင်လာအောင်  ၊ ခေါင်းဆောင်မှု အရည်အသွေးများ မြင့်မားလာအောင် ၊ အဖွဲ၀င်များ ၊ လုပ်ဖော်ကိုင်ဖက်များ ၊ အထက်လူကြီးများနှင့် ယုံကြည်စိတ်ချရသော ဆက်ဆံရေးကို တည်ဆောက်ထိန်းသိမ်းကာ ပူးပေါင်းဆောင်ရွက်လာနိုင်အောင်ရည်ရွယ် သော သင်တန်းတခုဖြစ်ပါသည်။ဤပဏာမခြေလှမ်းသည် အထောက်အပံ့ဖြစ်စေသော၊ ကြီးထွားမှုကို ဦးတည်သည့်ပတ်ဝန်းကျင်ကို မွေးမြူရန် စထာပါနာလီမိတက်၏ကတိကဝတ်ကို အလေးပေးဖော်ပြသည်။

 

Share this post