ချစ်ခင်လေးစားရပါသော စထာပါနာလီမိတက်နှင့် အကျိုးစီးပွား ပါဝင်ဆက်နွယ်သူများခင်ဗျား
ကျွန်ုပ်တို့ စထာပါနာလီမိတက်အနေနှင့် Business Coalition for Gender Equality (BCGE) မှ ကြီးမှုးသော မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍအတွင်းရှိ Diversity, Equity, and Inclusion (DEI) လူမှုအသိုက်အဝန်းတွင် Implementer အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်နိုင်ခဲ့ခြင်းကို ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
စထာပါနာလီမိတက်အနေနှင့် Business Coalition for Gender Equality (BCGE) ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် အောက်ပါ အချက်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
၁။ ပေါ်လစီများနှင့် လက်တွေ့ဖော်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ခြင်း – စထာပါနာလီမိတက်၏ ဝန်ထမ်းများအနေနှင့် ၄င်းတို့အားတန်ဖိုးထားပြီး အားလုံးပါဝင်နိုင်သော လုပ်ငန်းခွင် တစ်ခုဟု ခံစားသိမြင် နိုင်စေရန် အကောင်းဆုံးဖြစ်သော လက်တွေ့ဖော်ဆောင်မှု အလေ့အကျင့်များအား သင်ယူအသုံးချနိုင်ရန်အတွက် ဦးတည်ဆောင်ရွက်မည်။
၂။ ပိုမိုအားကောင်းသော ဆက်သွယ်ရေးကွန်ယက်တစ်ခု တည်ဆောက်ခြင်း – ကျွန်ုပ်တို့နှင့် သဘောထား တူညီသည့် တခြားသောလုပ်ငန်းအဖွဲ့အစည်းများနှင့် ဆက်သွယ်နိုင်ရန်နှင့် ၄င်းတို့နှင့်အတူတကွ ပူးပေါင်း လုပ်ဆောင်ခြင်းအားဖြင့် ကောင်းမွန်သောအကျိုးသက်ရောက်မှုများရှိသည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်ရန် ရည်ရွယ်ဦးတည်ဆောင်ရွက်မည်။
၃။ သဘောပေါက်သိနားလည်မှုကို မြှင့်တင်ခြင်းနှင့် ထောက်ခံပြောဆိုခြင်း – ကျားမတန်းတူညီမျှမှုကို အားပေးမြှင့်တင်ရန် လိုအပ်သော ထောက်ခံပြောဆိုဆောင်ရွက်ခြင်းများတွင် တက်ကြွစွာပါဝင်ပြီး လူမှုဝန်းကျင် ပြုပြင်ပြောင်းလဲမှုများကို လွှမ်းမိုးသက်ရောက်နိုင်ရန် ရည်ရွယ်ဦးတည်ဆောင်ရွက်ပါမည်။
၄။ စဉ်ဆက်မပြတ်တိုးတက်မှုအတွက် ဆောင်ရွက်ခြင်း – ကျားမတန်းတူညီမျှမှုနှင့်ဆိုင်သော လုပ်ဆောင် ချက်များ၏ အကျိုးသက်ရောက်စပ်ဆိုင်မှုများအပေါ် ပုံမှန်အကဲဖြတ်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် ရည်ရွယ် ဦးတည် ဆောင်ရွက်ပါမည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မိမိလုပ်ငန်းအဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစေသော အရွေ့တစ်ခုတွင် ပါဝင်ဆောင်ရွက်ပြီး၊ အခြားသူများအတွက်လည်း အပြုသဘောဆောင်သော စံနမူနာတစ်ခုဖြစ်စေရန် ဖြစ်ပါသည်။ စထာပါနာလီမိတက်အနေနှင့် အားလုံးအတွက် ပိုမိုတန်းတူညီမျှမှုရှိပြီး ပြည့်စုံမှုရှိသော အနာဂတ်တစ်ခုကို ဖန်တီးပေးနိုင်ရန် BCGE အပါအဝင် အခြားသော အဖွဲ့ဝင်အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းလုပ်ကိုင်နိုင်ရန် မျှော်လင့်ပါသည်။
စထာပါနာလီမိတက်သည် ဦးဆောင်ဘဏ္ဍာရေးအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်နှင့်အညီ မြန်မာပြည်သူများ လက်လှမ်းမီတတ်နိုင်ပြီး ရေရှည်တည်တံ့သော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ပေးအပ်ရာတွင် မတူကွဲပြားမှုနှင့် အားလုံးပါဝင်နိုင်မှုတို့ကို ပိုမို၍အလေးထားဆောင်ရွက်သွားမည်ဟု ထပ်လောင်းကတိကဝတ် ပြုအပ်ပါသည်။
စထာပါနာလီမိတက် (ရုံးချုပ်)
အမှတ် (၃၅၁/ခ)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊။