Oracle FLEXCUBE Core Banking System ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးကြောင်း ကြေငြာချက်

နေ့စွဲ။ ။ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်

ဦးတည်ချက်၊ ရည်မှန်းချက်ကို ရှေးရှု၍ အလုပ်တွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားသော ကျွန်ုပ်တို့ဝန်ထမ်းများ၏ လုံ့လဝီရိယစိုက်ထုတ်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကြောင့် ငွေကြေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း လည်ပတ်ရေးစနစ်တစ်ခုဖြစ်သော Oracle FLEXCUBE Core Banking System ကို စထာပါနာလီမိတက်သည် Covid-19 ကပ်ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း၌ပင် အပြည့်အဝအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ကြေငြာအပ်ပါသည်။ ၎င်းစနစ်သစ်ကို ယခုဘဏ္ဍာနှစ်၏ အစဖြစ်သော ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ စတင်၍ အတောင်အလက်စုံလင်စွာဖြင့် ကောင်းမွန် စွာ လည်ပတ်လုပ်ကိုင်နေပြီ ဖြစ်ပါသည်။

Core Banking System သို့ ပြောင်းလဲရာ၌ Oracle ကို ရွေးချယ်မှုနှင့် ပတ်သက်၍ “Oracle ၏ အာရှဈေးကွက် (Asia Market) တွင် အသိအမှတ်ပြုခံထားရသော နာမည်ဂုဏ်သတင်းကောင်းမှုကြောင့် လည်းကောင်း၊ Oracle သုံးစွဲမှုတွင် ဒေသတွင်း အတွေ့အကြုံရှိပြီးသော လက်ရှိဖောက်သည် (Existing Customer) ဖြစ်ခြင်းကြောင့် လည်းကောင်း Oracle ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်” ဟု စထာပါနာလီမိတက်၏ အလုပ်အမှုဆောင်အရာရှိချုပ် Mr. Seang Serey မှ ပြောကြားခဲ့ပါသည်။

“ကျွန်ုပ်တို့ အမြဲစဉ်ဆက်မပြတ် ထားရှိသော ကတိကဝတ်ဖြစ်သည့် တရားဝင်ဘဏ္ဍာရေးနှင့် ငွေကြေး ဝန်ဆောင်မှုကို လက်လှမ်းမမီဖြစ်နေသော ပြည်သူများအတွက် လုံခြုံစိတ်ချရသော ဘဏ္ဍာရေးနှင့် ငွေကြေး ဝန်ဆောင်မှုကို လွယ်ကူစွာ ရရှိရေးသည် Oracle FlexCube စနစ်၏ အသင်းသားဗဟိုပြုချဉ်းကပ်နည်းနှင့် ကောင်းမွန်စွာ ချိတ်ဆက်လျက်ရှိပါသည်” ဟုလည်း Mr. Seang Serey မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

စထာပါနာ၏ ငွေထုတ်၊ ငွေသွင်း၊ ငွေအပ်နှံခြင်း ပြုလုပ်နေသော အသင်းသားများအား ဘဏ္ဍာရေးထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဖြန့်ဝေပေးအပ်မှုကို အရှိန်မြှင့် လုပ်ဆောင်ရာတွင် FLEXCUBE စနစ်၏ အလိုက်သင့် ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်းကြောင့် လုပ်ငန်းဆောင်ရွက်မှုကို ပိုမို၍ ကောင်းမွန်စေပြီး စွမ်းဆောင်ရည်ပြည့်ဝ စေနိုင်ပါသည်။ ထို့အပြင် ယခု Oracle FlexCube Core Banking စနစ်ကို အသုံးပြုခြင်းအားဖြင့် ငွေကြေး အဖွဲ့အစည်းများရှိ ချေးငွေ၊ အပ်နှံငွေ၊ ပုံသေပိုင်ဆိုင်မှုပစ္စည်း (Fixed Assets) စသည်တို့၏ ငွေစာရင်း မှတ်တမ်းများ၊ စာရင်းရေးသွင်းချက်များကို ရယူခြင်း၊ ခြေရာခံခြင်းနှင့် စီမံခန့်ခွဲခြင်းများကို အချိန်နှင့်တပြေးညီ (Real Time) ပြုလုပ်နိုင်ပါသည်။

ယခု Core Banking စနစ်ကို အောင်မြင်ပြီးမြောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုအတွက် လုံ့လဝီရိယ စိုက်ထုတ်၍ အလုပ်တွင် ကိုယ်စိတ်နှစ်ပါးမြှုပ်နှံလုပ်ကိုင်ခဲ့သော ဝန်ထမ်းများကို အသိအမှတ်ပြု၍ ကျေးဇူးတင်အပ်ပါသည်။ ထို့အပြင် ယခုစနစ်သစ်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှုသည် အသင်းသားများကို ပိုမိုကောင်းမွန်သော ငွေကြေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကို ပေးအပ်မည်ဟူသော ကျွန်ုပ်တို့၏ ကတိကဝတ်ကို ဖြည့်ဆည်းရာတွင် ပိုမိုအားကောင်းစေသော သက်သေပြချက်တစ်ခုလည်း ဖြစ်ပါကြောင်း ဂုဏ်ယူစွာ ပြောကြားအပ်ပါသည်။

စထာပါနာလီမိတက် (ရုံးချုပ်)
အမှတ် (၃၅၁/ခ) ၊ ပြည်လမ်း
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

 

Share this post