စထာပါနာလီမိတက် ရုံးခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ချေးငွေတာဝန်ခံချုပ်နှင့် လက်ထောက်ချေးငွေတာဝန်ခံချုပ်များအတွက် ချေးငွေဆိုင်ရာလုပ်ငန်းများကို လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ “CLO/DCLO’s Refreshment Training” ကို ရုံးချုပ်တွင် အောင်မြင်စွာပို့ချနိုင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် ဝေမျှလိုက်ပါသည်။
ဤသင်တန်းသည် ချေးငွေဆိုင်ရာ ချမှတ်ထားသော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များနှင့်အညီ ချေးငွေဆိုင်ရာကိစ္စရပ်များကို စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်၍ မျှဝေပေးခဲ့သော သင်တန်းတခုဖြစ်ပါသည်။ ချေးငွေတာဝန်ခံချုပ်နှင့် လက်ထောက်ချေးငွေတာဝန်ခံချုပ်များသည် ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့် ကျွန်ုပ်တို့ စထာပါနာ၏ ရည်မှန်းချက်များကို တာဝန်သိစွာ ဖော်ဆောင်ပေးနေသူများဖြစ်ပါသည်။
ယခုအစီအစဉ်မှာ စထာပါနာ၏ စဥ်ဆက်မပြတ်လေ့လာသင်ယူမှုများကို အားပေးခြင်း၊ ဝန်ထမ်းများ အပေါ်ထားရှိသည့် ကတိကဝတ်များအနက် တစိတ်တပိုင်းဖြစ်သော၊ စထာပါနာနှင့်အတူတကွ ပိုမိုတိုးတက်အောင်မြင်သော ဝန်ထမ်းများဖြစ်လာစေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန် အတွက်ပံ့ပိုးကူညီအားဖြည့်ပေးသည့် အစီအစဉ်ကောင်းတစ်ခု လည်းဖြစ်ပါသည်။














