မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသအသီးသီးမှ စထာပါနာရုံးခွဲများတွင် တာဝန်ထမ်းဆောင်နေကြသော Office Assistant (ရုံးအုပ်ကြီးများ)အတွက် နေ့စဥ်လုပ်ငန်းဆောင်တာများတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် နှင့် ကုမ္ပဏီမှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို အချိန်နှင့် တပြေးညီ သိရှိမှတ်သား လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ “Refreshment Training for Office Assistant” သင်တန်းကို စထာပနာရုံးချုပ်တွင် အောင်မြင်စွာ ပို့ချဖွင့်လှစ်ခဲ့ပါသည်။
ဤသင်တန်းတွင် ရုံးခွဲအသီးသီးမှ ရုံးအုပ်ကြီးများအား သင်တန်းကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များ စီမံခန့်ခွဲခြင်း၊ စာရွက်စာတမ်း၊ ရုံးသုံးပစ္စည်း၊ ရုံးခန်းထိန်းသိမ်းခြင်း နှင့် သင်တန်းစီစဉ်ဆောင်ရွက်မှုများကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်ကောင်းမွန်စေရန် အဓိကထား ဆွေးနွေးခဲ့ပြီး ယင်းမှတစ်ဆင့် ရုံးခွဲတစ်ခုလုံး၏ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးကာ လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရသည့် စိန်ခေါ်မှုများအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများကို ရရှိစေရန် သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။












