Trainer မွမ်းမံသင်တန်း (Training-of-Trainers – TOT Program)

စထာပါနာလီမိတက်မြန်မာသည် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် သင်ယူမှုအရည်အသွေးများကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ စာတွေ့သင်ကြားမှုသာမက လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်မည့် Internal Trainer အတွက် Trainer မွမ်းမံသင်တန်း (Training-of-Trainers – TOT Program) ကို မကြာသေးမီက အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အတွေ့အကြုံရင့်ကျက်သည့် ပြင်ပကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြုလုပ်ခဲ့သော အဆိုပါသင်တန်းတွင် သင်တန်းသားများအနေဖြင့် စိတ်ဝင်စားဖွယ်ကောင်းပြီး ထိရောက်သော သင်ကြားရေးနည်းလမ်းများကိုတတ်မြောက်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်မျှဝေပေးနိုင်စေရန် ရည်ရွယ်၍ လက်တွေ့လေ့ကျင့်ခန်းများ၊ အပြန်အလှန်ဆွေးနွေးမှုများနှင့် စနစ်ကျသော သင်ကြားရေးနည်းစနစ်များကို ပေါင်းစပ်သင်ကြားပေးခဲ့ပါသည်။
သင်တန်းကာလတစ်လျှောက်လုံးတွင် ကျွန်ုပ်တို့၏ Internal Trainer များသည် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူလိုစိတ်နှင့် မိမိတို့၏ သင်ကြားရေးစွမ်းရည်ကို မြှင့်တင်လိုသည့် စိတ်ဓာတ်များကို အပြည့်အဝ ပြသခဲ့ကြပါသည်။ အဆိုပါသင်တန်းမှ ရရှိခဲ့သော အသိပညာနှင့် အတွေ့အကြုံများသည် အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများထံသို့ အသိပညာများကို ပိုမိုထိရောက်စွာ ပြန်လည်မျှဝေပေးနိုင်ရန်နှင့် ဝန်ထမ်းများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ရန် အထောက်အကူပြုမည်ဖြစ်ပါသည်။
 
စထာပါနာလီမိတက်မြန်မာ အနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် စွမ်းဆောင်ရည်မြင့်မားသော လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်နိုင်ရန်အတွက် အရေးပါသော အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့သော Trainer မွမ်းမံသင်တန်းများမှတစ်ဆင့် Internal Talent များကို ပြုစုပျိုးထောင်ပေးခြင်း၊ စဉ်ဆက်မပြတ် လေ့လာသင်ယူသည့် အလေ့အထကို မြှင့်တင်ဖော်ဆောင်ပေးခြင်းနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို အဆက်မပြတ်မြှင့်တင်ပေးခြင်းဖြင့် အဖွဲ့အစည်းနှင့် ဝန်ထမ်းများ၏ ရေရှည်အောင်မြင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

Share this post