စထာပါနာလီမိတက် မှ ကြီးမှူးကျင်းပခဲ့သော Management Trainee Program (Batch II) မှ စီမံခန့်ခွဲမှု အဆင့် အလုပ်သင် (၂) ဦးကို ဒီဇင်ဘာ ၅ ရက် ၂၀၂၂ ခုနှစ် မှ မေ ၃၁ ရက် ၂၀၂၃ ခုနှစ်အတွင်း ထပ်မံပြီး အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
စီမံခန့်ခွဲမှုအဆင့် အလုပ်သင် (၂) ဦးသည် အလုပ်သင်ကာလ (၆) လ တစ်လျှောက်တွင် Finance, Operations, Credit, Internal Audit နှင့် Risk & Compliance ဌာန တို့အပြင် Human Resources, Learning & Development, Marketing နှင့် Administration ဌာနများတွင် ဌာနလိုက် အလုပ်ခွင်နှင့် လုပ်ငန်းတာဝန်များကို လေ့လာဆည်းပူး နည်းနာယူပြီး အလုပ်လုပ်ကိုင်ခဲ့ပါသည်။
စထာပါနာလီမိတက်၏ Management Trainee Program သည် လုပ်သက် (၂) နှစ်အောက် ဘွဲ့ရလူငယ်များအတွက် အသေးစားငွေရေးကြေးရေးလုပ်ငန်းနယ်ပယ်ကို ဌာနအသီးသီးတွင် လေ့လာရင်း မိမိ၏ အသက်မွေးလမ်းကြောင်းကိုပါ ရေရှည်အတွက် ချမှတ်နိုင်ရန် အထောက်အပံ့ အများကြီးပေးနိုင်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ ဤအစီအစဉ်မှတစ်ဆင့် စီမံခန့်ခွဲမှုအဆင့်ဘွဲ့ရလူငယ်များကို မွေးထုတ်ပေးသည်မှာ အပတ်စဉ် (၂) ခုမြောက်ရှိပြီဖြစ်ပြီး နောက်နှစ်များတွင်လည်း အသေးစားငွေရေးကြေးရေးလုပ်ငန်းနယ်ပယ်တွင် တိုးတက်အောင်မြင်အောင်လုပ်ကိုင်ရန် စိတ်ပါဝင်စားပြီး အရည်အချင်းရှိသော လူငယ်များကို ဂုဏ်ယူစွာ ဆက်လက်မွေးထုတ်ပေးသွားမည် ဖြစ်ပါသည်။








