အမြန်ရှာဖွေရန်

ဦးရေ
300000 +

အသင်းသားအရေအတွက်

ဘီလီယံကျပ်
100 +

စုစုပေါင်း ချေးငွေလက်ကျန်

ဘီလီယံကျပ်
1 +

စုစုပေါင်း စုဆောင်းငွေလက်ကျန်

သတင်းများ

စထာပါနာလီမိတက်ဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန်အလှူ

စထာပါနာလီမိတက်၏ အစဥ်အလာမပျက် ကထိန်သင်္ကန်းကပ်လှူပွဲကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရှိ မဟာဇောတိကာရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကုသိုလ်ပြုပွဲတွင် ဌာနအသီးသီးမှ လှူဖွယ်ပစ္စည်းများဖြင့်

𝐑𝐞𝐟𝐫𝐞𝐬𝐡𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐟𝐨𝐫 𝐂𝐋𝐎 & 𝐃𝐂𝐋𝐎 – 𝐁𝐚𝐭𝐜𝐡 𝟐

စထာပါနာလီမိတက် ရုံးခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ချေးငွေတာဝန်ခံချုပ်နှင့် လက်ထောက်ချေးငွေတာဝန်ခံချုပ်များအတွက် ချေးငွေဆိုင်ရာလုပ်ငန်းများကို လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ “CLO/DCLO’s Refreshment Training” ကို ရုံးချုပ်တွင် အောင်မြင်စွာပို့ချနိုင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့်

ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ စထာပါနာလီမိတက်၏ ရေဘေးသင့်အသင်းသားများအတွက် ကူညီထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခြင်း

၂၀၂၆ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရေကြီးနစ်မြုပ်မှုများအပြီးတွင် ကွင်းဆင်းဆန်းစစ်ချက်များအရ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ စထာပါနာအသင်းသား စုစုပေါင်း (၆၄၇) ဦး ရေဘေးဒဏ်ခံခဲ့ရကြောင်း စာရင်းကောက်ယူတွေ့ရှိခဲ့ရပါသည်။

ပိုမိုကောင်းမွန်တဲ့ အလုပ်ကိုရှာဖွေနေပါသလား။

စထာပါနာလီမိတက်မြန်မာသည် မြန်မာနိုင်ငံရှိ ကောင်းမွန်စွာအသိအမှတ်ပြုခံထားရသော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်နှင့်အညီ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းလျက်ရှိပါသည်။ စထာပါနာမှ အဓိပ္ပာယ်ပြည့်ဝသော အလုပ်အကိုင်များ၊ ထူးခြားကွဲပြားသော လုပ်ငန်းခွင်ယဉ်ကျေးမှုများကို ဖန်တီးပေးလျက်ရှိပါသည်။ စထာပါနာတွင် တာဝန်ထမ်းဆောင်ခြင်းဖြင့် တခြားလုပ်ငန်းခွင်တွင် မရရှိနိုင်သော အတွေ့အကြုံများရရှိနိုင်ပါသည်။ လူတိုင်း အောင်မြင်သော အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုနှင့် တကိုယ်ရည်တိုးတက်မှု ဖန်တီးရန် အခွင့်အရေးများ ရှိပါသည်။ စထာပါနာသည် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် ယှဉ်ပြိုင်လိုစိတ်ရှိသော၊ တက်ကြွသော၊ ပန်းတိုင်ရောက်ရန်စိတ်အားထက်သန်သော၊ အရည်အချင်းပြည့်ဝသောလူများ၏ အလုပ်လျှောက်လွှာများကို ဖိတ်ခေါ်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ အားသာချက်များ

လူကြီးမင်းတို့၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရန် အဓိကသော့ချက်ဖြစ်သည့် ယုံကြည်စိတ်ချရသော၊ လက်လှမ်းမီသော ငွေရေးကြေးရေးဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။