ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ စထာပါနာလီမိတက်၏ ရေဘေးသင့်အသင်းသားများအတွက် ကူညီထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခြင်း

၂၀၂၆ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရေကြီးနစ်မြုပ်မှုများအပြီးတွင် ကွင်းဆင်းဆန်းစစ်ချက်များအရ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ စထာပါနာအသင်းသား စုစုပေါင်း (၆၄၇) ဦး ရေဘေးဒဏ်ခံခဲ့ရကြောင်း စာရင်းကောက်ယူတွေ့ရှိခဲ့ရပါသည်။

အသင်းသားများ အခက်အခဲကြုံတွေ့ရချိန်တွင် ကူညီထောက်ပံ့မည်ဟူသော စထာပါနာ၏ ကတိကဝတ်ပြုချက်အတိုင်း သတ်မှတ်ချက်နှင့်ကိုက်ညီသော ရေဘေးသင့်အသင်းသားတစ်ဦးလျှင် ငွေကျပ် ၁၀၀,၀၀၀ (တစ်သိန်းကျပ်တိတိ) စီ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပထမအသုတ်အနေဖြင့် အသင်းသား (၂၁၇) ဦးကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ဘထူးရပ်ကွက် (၈)၊ အောင်သိဒ္ဓိကျောင်းတိုက်၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်၍ စာရင်းကျန်ရှိနေသေးသော ရေကြည်မြို့နယ်အတွင်းရှိ မအူကုန်း၊ ကျုံပဒုတ်၊ ကညင်ဂွ၊ ပိတောက်ချောင်၊ တုတ်ရိုက်၊ ကျုံမရမ်းကျေးရွာများ နှင့် ကျုံပျော်မြို့နယ်အတွင်းရှိ အင်းဖျား၊ ကန်သုံးဆင့်၊ ညောင်ပင်ဆိပ်၊ ကျီးအိုင်၊ ကုန်းမဲဇလီ၊ ဇရပ်ဆိပ်၊ သဖန်းချောင်း၊ သဲဖြူ၊ ဦးဖိုးထောင့်၊ သန်လျက်စွန်းကျေးရွာများမှ အသင်းသား (၄၂၀) ဦးထံသို့ စထာပါနာ၏ ဧရာဝတီတိုင်းဒေသကြီး အကြီးတန်းတာဝန်ခံ၊ ရေကြည်ရုံးခွဲတာဝန်ခံနှင့် ရုံးခွဲဝန်ထမ်းများ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ အောက်တိုဘာလအတွင်း ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

 

Share this post

More News!