မည်သို့သော အခြေအနေအခက်အခဲများ ရှိနေစေကာမူ စထာပါနာလီမိတက်သည် မိမိ၏ အသင်းသားများအား ငွေရေးကြေးရေးနှင့် ငွေကြေးဆိုင်ရာ ဗဟုသုတများ မျှဝေပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးစားလျက်ရှိပါသည်။
စထာပါနာလီမိတက်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်ရုံးခွဲ၊ လှိုင်သာယာရုံးခွဲ၊ လှည်းကူးရုံးခွဲ၊ တိုက်ကြီးရုံးခွဲနှင့် သုံးခွရုံးခွဲတို့မှ အသင်းသားပေါင်း ၇၄၆ ဦးကို ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း ThitsaWorks Solutions Myanmar Co., Ltd. ၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် အခြေခံဒီဂျစ်တယ်ငွေကြေးဆိုင်ရာအသိပညာများအား မျှဝေသင်ကြားပေးခဲ့ပါသည်။
အဆိုပါ အခြေခံဒီဂျစ်တယ်ငွေကြေးဆိုင်ရာအသိပညာပေးအစီအစဉ်တွင် အသင်းသားများ သိသင့်သိထိုက်သော ခေါင်းစဉ် (၄) ခုဖြစ်သည့် (၁) မိုဘိုင်းဝေါလက်၊ (၂) ဝင်ငွေ၊ ထွက်ငွေ၊ ဘတ်ဂျက်၊ (၃) ချေးငွေ နှင့် (၄) ငွေကြေးစီမံခန့်ခွဲခြင်း သင်ခန်းစာများကို မျှဝေပေးခဲ့ပါသည်။
Telegram -> https://t.me/sathapanalimited
Website -> www.sathapana.com.mm






