⚠️ အွန်လိုင်းချေးငွေလိမ်လည်မှု သတိပေးချက် ⚠️

ယနေ့အချိန်အခါတွင် မသမာသူများမှ စထာပါနာလီမိတက်အမည်ကိုတုပ၍ Page အတုများ၊ Account အတုများဖွင့်လှစ်ကာ အွန်လိုင်းငွေကြေးလိမ်လည်မှုများ လုပ်ကိုင်လျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ စထာပါနာလီမိတက်မှ ချေးငွေရယူရာတွင် မလိုလားအပ်သည့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အောက်ဖော်ပြပါအချက်အလက်များနှင့်ပတ်သက်ပြီး သတိပြုဆင်ခြင်နိုင်ကြရန် အသိပေးအပ်ပါသည်။
၁။ ကြိုတင်ငွေ (လုံး၀) မပေးရပါ။
စထာပါနာသည် ချေးငွေဝန်ဆောင်မှုအတွက် မည်သည့်အခကြေးငွေမှ ကြိုတင်ကောက်ခံခြင်းမရှိပါ။
၂။ လူကိုယ်တိုင်လာရောက်ရမည်။
ချေးငွေထုတ်ယူရာတွင် အွန်လိုင်းမှတစ်ဆင့် (လုံး၀) မထုတ်ပေးဘဲ သက်ဆိုင်ရာရုံးခွဲများသို့ လူကိုယ်တိုင်လာရောက်၍ ထုတ်ယူရမည်ဖြစ်သည်။
၃။ တရားဝင် Page ကိုသာကြည့်ပါ။
Facebook တွင် Follower (၁) သိန်းခွဲကျော် (159K) ရှိသော SATHAPANA Limited Myanmar Page တစ်ခုတည်းသာ ရှိပါသည်။
၄။ အွန်လိုင်းချေးငွေ (လုံး၀) မရှိပါ။
စထာပါနာတွင် “အွန်လိုင်းချေးငွေ” ဝန်ဆောင်မှု (လုံး၀) မရှိပါ။ အမည်တူ/အမည်လွှဲများဖြင့် လိမ်လည်မှုများသည် စထာပါနာနှင့်သက်ဆိုင်ခြင်းမရှိပါ။
အသေးစိတ်သိရှိလိုပါက နီးစပ်ရာစထာပါနာရုံးခွဲများတွင် လည်းကောင်း၊ ဖုန်းနံပါတ် ၀၉-၉၆၄ ၅၅၆ ၂၀၄ သို့ တိုက်ရိုက်ဆက်သွယ်၍လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
 

 

Share this post

More News!