🥇🏆🥈🎖️🥉 စထာပါနာလီမိတက်မြန်မာ၏ ချေးငွေလက်ကျန် ကျပ်ဘီလီယံ (၃၀၀) ကျော် ရရှိမှု အောင်မြင်မှုမှတ်တိုင် 🥇🏆🥈🎖️🥉

စထာပါနာလီမိတက်မြန်မာသည် လုပ်ငန်းသက်တမ်း (၁၁) နှစ်အတွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ဘဏ္ဍာရေးဝန်ဆောင်မှုများကို အကောင်းဆုံး ပေးအပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ချေးငွေဝန်ဆောင်မှုများသာမက၊ ငွေစုဆောင်းခြင်းအလေ့အထကို မြှင့်တင်ပေးသည့် စုငွေဝန်ဆောင်မှုများနှင့် အရေးပေါ်အခြေအနေများအတွက် ဘဏ္ဍာရေးအကာအကွယ်ပေးနိုင်သော အသက်အာမခံ ဝန်ဆောင်မှုများကိုလည်း စနစ်တကျ ဝန်ဆောင်မှုပေးနေသည့် အသေးစားငွေကြေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

မြန်မာပြည်သူများ၊ အထူးသဖြင့် ကျေးလက်ဒေသရှိ မိဘပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါတွင် á€á€ťá€ąá€¸á€„á€˝á€ąá€œá€€á€şá€€á€ťá€”á€ş ကျပ်ဘီလီယံ (၃၀၀) ကျော် á€Ąá€‘ိ အောင်မြင်စွာ ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ဤအောင်မြင်မှုသည် ကျွန်ုပ်တို့အပေါ် ယုံကြည်အားကိုးကြသော အသင်းသားများ၊ ပူးပေါင်းဆောင်ရွက်ကြသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် စွမ်းစွမ်းတမံ ကြိုးစားခဲ့ကြသည့် ဝန်ထမ်းများအားလုံးကြောင့်ဖြစ်ပြီး အားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။

Share this post