မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသအသီးသီးမှ စထာပါနာရုံးခွဲများတွင် တာဝန်ထမ်းဆောင်နေကြသော Accountant and Assistant Accountant( စာရင်းကိုင် နှင့် လက်ထောက်စာရင်းကိုင်များ) အတွက် နေ့စဥ်လုပ်ငန်းဆောင်တာ များတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် နှင့် ကုမ္ပဏီမှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို အချိန်နှင့် တပြေးညီ သိရှိမှတ်သား လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ “Refreshment Training for Accountant and Assistant Accountant” သင်တန်းကို စထာပါနာရုံးချုပ်တွင် အောင်မြင်စွာ ပို့ချဖွင့်လှစ်ခဲ့ပါသည်။
ဤသင်တန်းတွင် ရုံးခွဲအသီးသီးမှ Accountant and Assistant Accountant များအား သင်တန်းကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတ များနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်ကောင်းမွန်စေရန် အဓိကထား ဆွေးနွေးခဲ့ပြီး ယင်းမှတစ်ဆင့် ရုံးခွဲတစ်ခုလုံး၏ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးကာ လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရသည့် စိန်ခေါ်မှုများအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများကို ရရှိစေရန် သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
ယခုကဲ့သို့သော သင်တန်းများစီစဥ်ဆောင်ရွက်ပေးခြင်းအားဖြင့် ဝန်ထမ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ကဏ္ဍအတွက် ကူညီပံ့ပိုးပေးသည့် စထာပါနာ၏ လုပ်ငန်းစဥ်ကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ ကြောင်းတွေ့ရှိရပါသည်။သင်တန်းကာလအတွင်း တက်ကြွစွာပါဝင် လေ့လာသင်ယူခဲ့ကြသော ဆရာမများအားလုံး ကိုလည်း ကျေးဇူးတင်ရှိကြောင်း အသိအမှတ်ပြုပြောကြားအပ်ပါသည်။



















