စထာပါနာလီမိတက်သည် ခရစ်စမတ်ချိန်ခါအတွက် ၂၀၂၃ ခုနှစ် ခရစ်စမတ်ပွဲကို ပျော်ရွှင်မှု၊ ရယ်မောမှု၊ ကျေးဇူးတင်မှု တို့နှင့်အတူ စထာပါနာရုံးချုပ်တွင် ပျော်ရွှင်ခမ်းနားစွာ ဆင်နွှဲခဲ့

စထာပါနာလီမိတက်သည် ခရစ်စမတ်ချိန်ခါအတွက် ၂၀၂၃ ခုနှစ် ခရစ်စမတ်ပွဲကို ပျော်ရွှင်မှု၊ ရယ်မောမှု၊ ကျေးဇူးတင်မှု တို့နှင့်အတူ စထာပါနာရုံးချုပ်တွင် ပျော်ရွှင်ခမ်းနားစွာ ဆင်နွှဲခဲ့ပါသည်။ ဤကြည်နူးဖွယ် အခါသမယတွင် အမှုဆောင်အရာရှိအဖွဲ့ဝင်မှအစ အခြားစထာပါနာလီမိတက်ရှိ ဝန်ထမ်းများအားလုံးသည် ကျေးဇူးတင်မှုနှင့် အစပြုထားသည့် လက်ဆောင်လဲခြင်း အစီအစဉ်နှင့် ခရစ်စမတ်အထိမ်းအမှတ် ကံစမ်းမဲ နှိုက်ခြင်း အစီအစဉ်များတွင် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။ ထို့အပြင် ဤပွဲတွင် ခရစ်စမတ်အခါသမယဖြစ်သည့်အညီ…

Continue Readingစထာပါနာလီမိတက်သည် ခရစ်စမတ်ချိန်ခါအတွက် ၂၀၂၃ ခုနှစ် ခရစ်စမတ်ပွဲကို ပျော်ရွှင်မှု၊ ရယ်မောမှု၊ ကျေးဇူးတင်မှု တို့နှင့်အတူ စထာပါနာရုံးချုပ်တွင် ပျော်ရွှင်ခမ်းနားစွာ ဆင်နွှဲခဲ့

စထာပါနာလီမိတက် ဝန်ထမ်းမိသားစု၏ စုပေါင်းဘုံကထိန်အလှူတော်အနေဖြင့်လည်း ၂၄.၁၁.၂၀၂၃ (သောကြာနေ့) တွင် ရန်ကုန်မြို့၊ လင်းလွန်းပင် ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်တို့အား ကထိန်လျာသင်္ကန်းနှင့် အခြံအရံလှူဖွယ်ဝတ္ထုပစ္စည်းများအားဆက်ကပ်ခဲ့ခြင်း

မြန်မာ့ ၁၂ လရာသီ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့အတူ ဗုဒ္ဓဘာသာဝင်များ ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းကုသိုလ်ပြုကြသည့် ကထိန်ရာသီပွဲတော်သည် မြန်မာနိုင်ငံ တစ်ဝန်းလုံး စည်းကားသိုက်မြိုက်စွာ ကျင်းပကြသည့် ပွဲတော်တစ်ခုဖြစ်ပါသည်။   ကထိန်ကင်္ကန်းကပ်လှူခြင်းအလေ့အထမှာ မြတ်စွာဘုရားရှင်လက်ထက် ဝါဝေယျကတိုင်းတွင် သီတင်းသုံးသော ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်အား ဝါကျွတ်ကာလ သင်္ကန်းလျာ နွမ်းနယ်ပါးရှားချိန် ကပ်လှူကြရာမှ အစပြုခဲ့သည်ဟုမှတ်သားရပါသည်။   ကထိန်သင်္ကန်းသည်ကား သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ…

Continue Readingစထာပါနာလီမိတက် ဝန်ထမ်းမိသားစု၏ စုပေါင်းဘုံကထိန်အလှူတော်အနေဖြင့်လည်း ၂၄.၁၁.၂၀၂၃ (သောကြာနေ့) တွင် ရန်ကုန်မြို့၊ လင်းလွန်းပင် ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်တို့အား ကထိန်လျာသင်္ကန်းနှင့် အခြံအရံလှူဖွယ်ဝတ္ထုပစ္စည်းများအားဆက်ကပ်ခဲ့ခြင်း

ကုမ္ပဏီတွင်း သီတင်းကျွတ်အထိမ်းအမှတ်ပွဲတော်တွင် စထာပါနာရုံးချုပ်ရှိ ဌာနအသီးသီးသည် မိမိ၏ ဌာနကို သီတင်းကျွတ်ပွဲတော်နှင့် အလိုက်ဖက်ဆုံးဖြစ်အောင် အလှဆင်ခဲ့ကြခြင်း

စထာပါနာလီမိတက်မြန်မာသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းတွင် မြန်မာတို့၏ သီတင်းကျွတ်ပွဲတော်အခါသမယကို ကြိုတင်ဆင်နွှဲခဲ့ရင်း "ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု" ကို မြှင့်တင်သည့်အနေဖြင့် Vibe Up Thadingyut ဟုခေါ်သည့် ကုမ္ပဏီတွင်း သီတင်းကျွတ်အထိမ်းအမှတ်ပွဲတော်တစ်ခုကို စုပေါင်းကျင်းပခဲ့ပါသည်။ ဤပွဲတော်တွင် စထာပါနာရုံးချုပ်ရှိ ဌာနအသီးသီးသည် မိမိ၏ ဌာနကို သီတင်းကျွတ်ပွဲတော်နှင့် အလိုက်ဖက်ဆုံးဖြစ်အောင် အလှဆင်ခဲ့ကြပါသည်။

Continue Readingကုမ္ပဏီတွင်း သီတင်းကျွတ်အထိမ်းအမှတ်ပွဲတော်တွင် စထာပါနာရုံးချုပ်ရှိ ဌာနအသီးသီးသည် မိမိ၏ ဌာနကို သီတင်းကျွတ်ပွဲတော်နှင့် အလိုက်ဖက်ဆုံးဖြစ်အောင် အလှဆင်ခဲ့ကြခြင်း

စထာပါနာလီမိတက်မှ ဝန်ထမ်းအားလုံးတစ်ဦးချင်းစီတိုင်းကို ချစ်စရာကောင်းတဲ့ပန်းစည်းနှင့် အသိအမှတ်ပြုဆုမွန်ကောင်းကဒ်များကို ဧပြီလ ၂၈ ရက်နေ့တွင် ပေးအပ်ခဲ့သည်

(၂၀၂၃) ခုနှစ် မေလ (၁) ရက်နေ့တွင်ကျရောက်သည့်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ အထိမ်းအမှတ် အဖြစ် “စထာပါနာလီမီတက်” မှ အမှတ်တရ ပန်းစည်းနှင့် ကျေးဇူးတင်လွှာများကို ဝန်ထမ်းများအား ၂၈.၄.၂၀၂၃ နေ့တွင် လက်ဆောင် ပေးအပ်ခဲ့ပါသည်။ ကျေးဇူးတင်လွှာတွင် စထာပါနာလီမီတက်၏ အမှုဆောင်အရာရှိချုပ် (CEO) Mr. Sudeep Gupta မှ စထာပါနာ၏ ဝန်ထမ်းများအား လုပ်ငန်းတွင်…

Continue Readingစထာပါနာလီမိတက်မှ ဝန်ထမ်းအားလုံးတစ်ဦးချင်းစီတိုင်းကို ချစ်စရာကောင်းတဲ့ပန်းစည်းနှင့် အသိအမှတ်ပြုဆုမွန်ကောင်းကဒ်များကို ဧပြီလ ၂၈ ရက်နေ့တွင် ပေးအပ်ခဲ့သည်

၂၀၂၂ ခုနှစ် သီတင်းကျွတ် ဂါရ၀ပြုပွဲ

မြန်မာတို့၏ (၁၂) လ ရာသီပွဲတော်များ၌ ဝါတွင်းကာလပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော သီတင်းကျွတ်ပွဲတော်သည် နှစ်သစ်ကူးသင်္ကြန်ရေသဘင်ပွဲပြီးလျှင် ဒုတိယအကြီးဆုံးပွဲတော် ဖြစ်ပါသည်။   သီတင်းကျွတ်ပွဲတော်ရာသီ၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပြင် မိမိတို့၏ မိဘများ၊ ဆရာသမားများ၊ သက်ကြီးဝါကြီးဆွေမျိုးသားချင်းများနှင့် မိမိတို့၏ အထက်လူကြီးများကို ကန်တော့ခြင်းသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအဖို့ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းလိုက်နာကျင့်သုံးခဲ့သော ကောင်းမြတ်သည့် ရိုးရာယဉ်ကျေးမှု…

Continue Reading၂၀၂၂ ခုနှစ် သီတင်းကျွတ် ဂါရ၀ပြုပွဲ

သီတင်းကျွတ်ကန်တော့ပွဲ

မြန်မာတို့၏ (၁၂) လ ရာသီပွဲတော်များ၌ ဝါတွင်းကာလပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော သီတင်းကျွတ်ပွဲတော်သည် နှစ်သစ်ကူးသင်္ကြန်ရေသဘင်ပွဲပြီးလျှင် ဒုတိယအကြီးဆုံးပွဲတော် ဖြစ်ပါသည်။ သီတင်းကျွတ်ပွဲတော်ရာသီ၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပြင် မိမိတို့၏ မိဘများ၊ ဆရာသမားများ၊ သက်ကြီးဝါကြီးဆွေမျိုးသားချင်းများနှင့် မိမိတို့၏ အထက်လူကြီးများကို ကန်တော့ခြင်းသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအဖို့ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းလိုက်နာကျင့်သုံးခဲ့သော ကောင်းမြတ်သည့် ရိုးရာယဉ်ကျေးမှု အစဉ်အလာတခုဖြစ်ပါသည်။…

Continue Readingသီတင်းကျွတ်ကန်တော့ပွဲ

ပထမအကြိမ် ထမနဲထိုးပွဲတော်

စထာပါနာလီမိတက်၏ ပထမအကြိမ် ထမနဲထိုးပွဲကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ရန်ကုန်ရုံးချုပ်၌ ဝန်ထမ်းများအတူတကွ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲနေသောပုံရိပ်များ။

Continue Readingပထမအကြိမ် ထမနဲထိုးပွဲတော်

စထာပါနာ လီမိတက် ဘောလုံးပြိုင်ပွဲ

စထာပါနာ လီမိတက် ဘောလုံးပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပါတ်နှင့် တတိယအပါတ်တို့တွင် အောင်မြင်စွာ ကျင်းပခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အသင်းပေါင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲအတွက် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့မှ အသင်း ၂ သင်းစီ ရွေးချယ်ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပဲခူးမြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပခဲ့ပါသည်။ဗိုလ်လုပွဲကို ဒီဇင်ဘာလ…

Continue Readingစထာပါနာ လီမိတက် ဘောလုံးပြိုင်ပွဲ

သီတင်းကျွတ်ပွဲတော်

ဗုဒ္ဓဘာသာဝင်များ ဥပုသ်သီလဆောက်တည်သော ဝါတွင်းကာလပြီးဆုံးသည်နှင့် မြန်မာပြက္ခဒိန်၏ (၇) လမြောက်တွင်ကျရောက်သော သီတင်းကျွတ်ပွဲတော်သို့ ရောက်ရှိပါသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်သည် သင်္ကြန်ရေကစားပွဲတော်ပြီးလျှင် မြန်မာနိုင်ငံ၌ ဒုတိယအကြီးကျယ်ဆုံးဖြစ်ပြီး အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် (၁) ရက်နေ့တို့တွင် (၃) ရက်တိုင်တိုင် ကျင်းပလေ့ရှိပါသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်ကာလတွင် စေတီပုထိုးဘုရားများနှင့် နေအိမ်များကို ရောင်စုံ လျှပ်စစ်မီးများ၊ စက္ကူမီးပုံးများ၊ ဖယောင်းတိုင်များ၊ ဆီမီးများဖြင့် အလှဆင် မီးထွန်းကြပါသည်။…

Continue Readingသီတင်းကျွတ်ပွဲတော်

ဝန်ထမ်း နှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲ

မြန်မာနှစ်သစ်ကူးနှင့် သင်္ကြန်ရေကစားပွဲတော်သည် ကျွန်ုပ်တို့ကို စောင့်ကြိုနေလေပြီ။ စထာပါနာ၊ မြန်မာသည် နှစ်ဟောင်းကိုနှုတ်ဆက်၍ နှစ်သစ်ကိုကြိုဆိုသည့် အထိမ်းအမှတ်ပွဲကို ရုံးချုပ်နှင့် ရုံးခွဲအားလုံး၏ ဝန်ထမ်း နှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲများနှင့်အတူ ကျင်းပခဲ့ပါသည်။ ယခုလို မင်္ဂလာရှိသော အခါသမယတွင် ကျွန်ုပ်တို့၏ အသင်းဝင်များ၊ စထာပါနာ၏ အကျိုးစီးပွားနှင့် ဆက်စပ်နေ သူများ၊ မြန်မာပြည်သူလူထုများ အားလုံးအတွက် ပျော်ရွှင်ဖွယ်ကောင်းသော၊ ကျန်းမာချမ်းသာသော၊ တိုးတက် အောင်မြင်…

Continue Readingဝန်ထမ်း နှစ်ပတ်လည် ပျော်ပွဲရွှင်ပွဲ