၂၀၂၆ ခုနှစ်၊ မတ်လ (၂၂) ရက်၊ ငွေဆောင်ကမ်းခြေ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေ၊ Yacht Club & Resort တွင် ကျင်းပသော ရုံးခွဲစီမံခန့်ခွဲမှုအလုပ်ရုံဆွေးနွေးပွဲ –၂၀၂၆ တွင် စထာပါနာလီမိတက်မှ ၎င်း၏အောင်မြင်တိုးတက်မှု စာမျက်နှာအသစ်ကို တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသည် လုပ်ငန်းအခြေခံအုတ်မြစ်များ တိုးတက်အောင်မြင်မှုမှ စွမ်းဆောင်ရည်မြင့်မားသော ရင့်ကျက်မှုအခြေအနေတစ်ခုသို့ ကူးပြောင်းမှုတွင် ကုမ္ပဏီ၏ဦးဆောင်မှုကို ပြန်လည်ချိန်ညှိရာတွင် အရေးကြီးသော အဓိကအချက်တစ်ခုအဖြစ် လုပ်ဆောင်ပေးခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကိုဖွင့်လှစ်ခြင်း – အခြေခံအုတ်မြစ်များမှ ထူးချွန်ကောင်းမွန်သော ဝန်ဆောင်မှုသို့။ ။ အခမ်းအနားကို စထာပါနာလီမိတက်၏ အမှုဆောင်အရာရှိချုပ် Mr. Sudeep Gupta ၏ တက်ကြွစိတ်လှုပ်ရှားဖွယ်ကောင်းသော အဖွင့်အမှာစကားဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ရုံးချုပ်နှင့် နိုင်ငံအနှံ့အပြားရှိ ရုံးခွဲပေါင်း (၆၁) ရုံးမှ ဝန်ထမ်းစုစုပေါင်း (၁,၅၀၀) ကျော်ခန့်ကို ကြိုဆိုနှုတ်ခွန်းဆက်ရာတွင် Mr. Sudeep Gupta မှ မကြာသေးမီကကျင်းပပြုလုပ်ခဲ့သော ကုမ္ပဏီ၏ (၁၀) နှစ်ပြည့်အထိမ်းအမှတ်ပွဲကို အနာဂတ်အောင်မြင်တိုးတက်မှု၏ အခြေခံစတင်မှတ်တစ်ခုအဖြစ် ပြန်လည်ထင်ဟပ်ပြီး ပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့ဟာ အခြေခံအုတ်မြစ်တွေကို ဆက်လက်တည်ဆောက်ရတော့မှာ မဟုတ်ပါဘူး။ ရာထူးအမည် တစ်ခုသက်သက်သာမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်နိုင်မှုတွေပါတဲ့ ဦးဆောင်မှုကို တောင်းဆိုနေတဲ့ လုပ်ငန်းအဆင့်သစ်တစ်ခုကို ဝင်ရောက်နေပါပြီ။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေကို ချေးငွေတွေရဲ့ အရည်အသွေးကောင်းမွန်မှု၊ အသင်းသားတွေရဲ့ ကုမ္ပဏီအပေါ်မှာ နက်ရှိုင်းတဲ့ယုံကြည်မှုနဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်ကမ္ဘာကြီး ပြောင်းလဲမှုထက် ပိုမိုမြန်ဆန်တဲ့ ပြောင်းလွယ်ပြင်လွယ်နိုင်မှုကပဲ သတ်မှတ်ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟုလည်း Mr. Sudeep Gupta မှ ပြောကြားခဲ့သည်။
အဓိကကျသော အောင်မြင်မှုသမိုင်းမှတ်တိုင်များ။ ။
- ချေးငွေလက်ကျန်စုစုပေါင်းတိုးတက်မှု – မြန်မာကျပ်ငွေ ၃၀၀ ဘီလီယမ်အထိ ရောက်ရှိခဲ့ပါသည်။
- Digital Transformation – Digital နည်းလမ်းဖြင့် ချေးငွေပြန်လည်ကောက်ခံမှုကို ၆၀% ကျော်ခန့်အထိ ရောက်ရှိအောင်ဆောင်ရွက်နိုင်ခဲ့ပြီး MMQR System ကိုလည်း စမ်းသပ်လုပ်ငန်းစဥ် (Pilot Testing) အဖြစ် စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။
- စုဆောင်းငွေလက်ခံမှု – စုဆောင်းငွေလက်ခံမှုကို ကျပ်ငွေ ၅၈ ဘီလီယံအထိ ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး အသင်းသားများကို ၎င်းတို့ရဲ့ ငွေကြေးနဲ့ဘဏ္ဍာရေးကို ကြိုတင်စီမံတွက်ချက် ပြင်ဆင်နိုင်စေမှုတို့အတွက် အထောက်အကူပြုပေးနိုင်ခဲ့ပါသည်။
စထာပါနာမိသားစုအတွက် ရင်းနှီးမြှပ်နှံခြင်း။ ။ ယခုအလုပ်ရုံဆွေးနွေးပွဲ၏ အဓိကကျသော အချက်တစ်ချက်မှာ ကုမ္ပဏီမှ မိမိဝန်ထမ်းများအတွက် ထားအပ်သောကတိကဝတ် ဖြစ်ပါသည်။ စထာပါနာလီမိတက်ရုံးချုပ်မှ လုပ်ငန်းခွင်ပတ်ဝန်းကျင် ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် အောက်ပါအချက်များ ပါဝင်သော အရေးပါသည့်ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ခဲ့မှုကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့မှာ –
- အသင်းသားများနှင့် တိုက်ရိုက်ထိတွေ့ဝန်ဆောင်မှုပေးရသော ဝန်ထမ်းများ၏ လစာနှင့် ခံစားခွင့်များ (Mobile Data၊ ခရီးသွားစရိတ်၊ နေထိုင်မှုထောက်ပံ့ကြေး) ကို သိသာစွာ တိုးမြှင့်ပေးခဲ့ခြင်း။
- လုပ်ငန်းများစဥ်ဆက်မပြတ် လည်ပတ်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ရုံးချုပ်နှင့်ရုံးခွဲများအားလုံးတွင် Inverter များတပ်ဆင်ခြင်းနှင့် လုံခြုံရေးအတွက် Biometric System များတပ်ဆင်ခြင်းနှင့်
- ရုံးခွဲအဆင့်ခေါင်းဆောင်နှင့် Operation Team များအား ရုံးချုပ်တွင် လူကိုယ်တိုင်တက်ရောက်ရသော (In-Person) သင်တန်းများကို အလှည့်ကျစနစ်ဖြင့် အားသွန်ခွန်စိုက်ပေးအပ်ခဲ့ခြင်း။
မဟာဗျူဟာမြောက် အဆင့်ဆင့် ပြောင်းလဲတိုးတက်မှု – ဘက်စုံဘဏ္ဍာရေးဝန်ဆောင်မှုပေးအပ်သည့် အဖွဲ့အစည်းသို့။ ။ ဒုတိယအလုပ်အမှုဆောင်အရာရှိချုပ် (DCEO) ဖြစ်သူ Mr. Yuji Muto အပါအဝင် ဦးဆောင်မှု အဖွဲ့သည် ချေးငွေလုပ်ငန်းကိုသာ အဓိကထားသည့် အဖွဲ့အစည်းအဖြစ်မှ ဘက်စုံဘဏ္ဍာရေး ဝန်ဆောင်မှု ပေးအပ်သည့် အဖွဲ့အစည်းတစ်ခုအဖြစ်သို့ ကူးပြောင်းမည့် အစီအစဉ်ကို ချမှတ်ခဲ့သည်။ ဤကူးပြောင်းမှု၏ မှတ်တိုင်များအဖြစ် အသင်းသားများအတွက် ဘက်စုံကာကွယ်မှုနှင့် တိုးတက်မှု များကို ပေးစွမ်းနိုင်မည့် “ပိုစုပိုရစုငွေ” ဝန်ဆောင်မှုပေးခြင်းနှင့် Capital Taiyo အသက်အာမခံ နှင့် မဟာဗျူဟာမြောက် “အသက်အာမခံလုပ်ငန်း“ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ သည်။
လုပ်ငန်းလည်ပတ်မှု အသေးစိတ်နှင့် အနာဂတ်အတွက် အသင့်ဖြစ်မှု။ ။ အလုပ်ရုံဆွေးနွေးပွဲတလျှောက်တွင် CFO နှင့် COO အပါအဝင် အမှုဆောင်အရာရှိများသည် လုပ်ငန်းလည်ပတ်မှု ကောင်းမွန်ထူးချွန်စေရန်အတွက် အသေးစိတ်ဆွေးနွေးမှုများကို ဦးဆောင်ခဲ့ ကြသည်။ ဆွေးနွေးမှုများတွင် အောက်ပါအချက်များကို အဓိကထားခဲ့သည် –
- ချေးငွေအရည်အသွေး (Portfolio Quality) : ရေရှည်တည်ငြိမ်မှုကို သေချာစေရန် စောင့်ကြည့်စစ်ဆေးသည့် လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း။
- ဆန်းသစ်တီထွင်ခြင်း (Innovation) : အသင်းသားများ၏အတွေ့အကြုံကို မြှင့်တင်ရန်အတွက် ဒစ်ဂျစ်တယ်ကိရိယာများကို တိုးချဲ့အသုံးပြုခြင်း။
- မျိုးဆက်သစ်ခေါင်းဆောင်များ လေ့ကျင့်ပျိုးထောင်ခြင်း အစီအစဥ် (Succession Planning) : စထာပါနာသည် မြန်မာနိုင်ငံ၏ ထိပ်တန်း အသေးစားငွေရေးကြေးရေးလုပ်ငန်း (MFI) အဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နောက်မျိုးဆက်သစ် ခေါင်းဆောင်များကို လေ့ကျင့်ပျိုးထောင်ပေးခြင်း။
နိဂုံးချုပ်အမှာစကား – လက်တွေ့လုပ်ဆောင်မှုမှတစ်ဆင့် ဦးဆောင်ခြင်း။ ။ အလုပ်ရုံဆွေးနွေးပွဲကို စိတ်ခွန်အားဖြစ်စေသော နိဂုံးချုပ်အမှာစကားဖြင့် ရုပ်သိမ်းခဲ့ပါသည်။ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြည်နယ်/တိုင်းဒေသကြီးများ၊ ရုံးခွဲများနှင့် ဝန်ထမ်းများ၏ ထူးချွန်သောအောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ကြပြီး အဖွဲ့အစည်းအတွက် (၇) နှစ်ကျော် သက်တမ်းတစ်လျှောက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများကိုလည်း ဂုဏ်ပြုခဲ့ကြသည်။
နောက်ဆုံးအမှာစကားတွင် Mr. Gupta က ယခုပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသော စီမံခန့်ခွဲရေးဌာန (Admin) နှင့် ဈေးကွက်ဌာန (Marketing) တို့၏ စူးစိုက်နှစ်မြှုပ်မှုနှင့် ကြိုးစားမှုတို့အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ တက်ရောက်လာသူများအနေဖြင့် စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို မိမိတို့၏ ဆိုင်ရာ ပြည်နယ်/တိုင်းများ၊ ရုံးခွဲများသို့ ပြန်လည်သယ်ဆောင်သွားကြရန် တိုက်တွန်းခဲ့ပြီး
“ခေါင်းဆောင်မှုဆိုတာ တာဝန်ခံမှုနဲ့ ရလဒ်တွေကတစ်ဆင့် ပြသရတာ ဖြစ်ပါတယ်။ လူကြီးမင်းတို့တစ်ဦးချင်းစီမှာ အောင်မြင်မှုကို ဖန်တီးနိုင်တဲ့ စွမ်းအားတွေ ရှိကြပါတယ်။ ၂၀၂၆ ခုနှစ်ဟာ စထာပါနာအတွက် ဂုဏ်ယူစရာနှစ်တစ်နှစ်ဖြစ်အောင် ရည်မှန်းချက်၊ ရိုးသားဖြောင့်မတ်ခြင်းတို့နဲ့အတူ ရှေ့ဆက်လျှောက်လှမ်းကြပါစို့” ဟုလည်း ပြောကြားခဲ့သည်။
အခမ်းအနားကို ဂုဏ်ပြုညစာစားပွဲနှင့် အမှတ်တရစုပေါင်းဓာတ်ပုံများရိုက်ကူးခြင်းဖြင့် အောင်မြင်စွာအဆုံးသတ်ခဲ့ပြီး၊ စထာပါနာဝန်ထမ်းများအားလုံး ရှေ့ဆက်မည့် ရည်မှန်းချက်ကြီးမားသောနှစ်သစ်အတွက် တက်ကြွသောခွန်အားများနှင့် တူညီသော ရည်မှန်းချက်များကိုယ်စီ ရရှိခဲ့ကြပါသည်။






















