ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ် Pottery Painting Activity ကျင်းပပြုလုပ်ခြင်း

ယနေ့ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) အမှတ်တရအနေနဲ့ စထာပါနာဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ကောင်းမွန်စေရန်နှင့် စိတ်အေးချမ်းသာယာမှုကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ မြေအိုး၊ ဆီမီးခွက်လေးများကို ဆေးရောင်စုံခြယ်မှုန်းသည့် Pottery Painting Activity ကို စထာပါနာလီမိတက်၊ ရန်ကုန်ရုံးချုပ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဌာနအသီးသီးမှ ဝန်ထမ်းများ တက်ကြွပျော်ရွှင်စွာ ပါဝင်အားဖြည့်ခဲ့ကြပါသည်။
 

ဤအစီအစဉ်သည် ဝန်ထမ်းများအတွက် အလုပ်တာဝန်များမှ ခတ္တအနားယူကာ စိတ်ဖိစီးမှုများကို လျှော့ချနိုင်ခြင်း၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်၍ အတွင်းစိတ်ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိနိုင်ခြင်းစသည့် စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို အထောက်အကူပြုပေးခဲ့သည့် အစီအစဉ်ကောင်းတစ်ခု ဖြစ်ပါသည်။

ဝန်ထမ်းအသီးသီး၏ တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်းများဖြင့် ဖော်စပ်ရေးဆွဲထားသော အိုးပန်းချီ လက်ရာပုံရိပ်လေးများကိုလည်း အားလုံးအတူတကွ ခံစားနိုင်ရန် ဝမ်းမြောက်စွာ တင်ဆက်ပြသလိုက်ရပါသည်။
ဤကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ်အခါသမယတွင် စထာပါနာလီမိတက်၏ အသင်းသားများ၊ ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာပြည်သူများအားလုံးလည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပြီး၊ စိတ်ဖိစီးမှုကင်းစင်ကာ အေးချမ်းသာယာသော ဘဝပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း စထာပါနာမိသားစုမှ လှိုက်လှဲစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

 

 

 

Share this post

More News!