ရေဘေးသင့် ဝန်ထမ်းများနှင့် အသင်းသားများအား ကူညီထောက်ပံ့ခြင်း

ရေဘေးသင့် ဝန်ထမ်းများနှင့် အသင်းသားများအား ကူညီထောက်ပံ့ခြင်း
ရန်ကုန်၊ အောက်တိုဘာလ (၃) ရက်

ပြီးခဲ့သော စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းယာဂီ (Typhoon Yagi) ၏ အရှိန်ကြောင့် ရေကြီး ရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သော ဒေသများအနက်မှ တပ်ကုန်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ သာစည်မြို့နယ်၊ ကူမဲမြို့နယ်၊ နမ့်စမ်မြို့နယ်နှင့် အောင်ပန်းမြို့နယ်များရှိ မိမိ၏ ဝန်ထမ်းများနှင့် အကူအညီပေးရန်လက်လှမ်းမီသော အသင်းသားများအား စထာပါနာလီမိတက်မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း တတ်အားသမျှ ကူညီထောက်ပံ့ ပေးခဲ့ ပါသည်။

ထိုဒေသများတွင်းနေထိုင်သူများ ဆက်လက်ရင်ဆိုင်နေရသော အခက်အခဲများကို နားလည်လက်ခံသည့် အားလျော်စွာ စထာပါနာလီမိတက်သည် ကူညီထောက်ပံ့မှုများကို တတ်အားသမျှ ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါသည်။ ဤကတိကဝတ်သည် လက်တလောရင်ဆိုင်နေရသည့် ဆိုးရွားသောအခြေအနေများမှ လွတ်မြောက် အခြေကျသည့်တိုင်အောင် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင်သာမက၊ ကျော်လွန်သောကာလများအထိပါ ဆက်လက်ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။

စထာပါနာလီမိတက်၊ ရန်ကုန်ရုံးချုပ်

Share this post