စထာပါနာလီမိတက်မြန်မာသည် ဝန်ထမ်းများအကြား ပျော်ရွှင်မှု၊ စည်းလုံးညီညွတ်မှုနှင့် သဘောတူညီမှုကို အမြဲတမ်းတန်ဖိုးထားပြီး ထိုရည်ရွယ်ချက်အတိုင်း ဝန်ထမ်းအချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးစေရန်နှင့် လုပ်ငန်းအတွင်း သာယာသော ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်ရန်အတွက် ဝန်ထမ်းစုပေါင်းလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါသည်။
ထိုလှုပ်ရှားမှုများအနက်မှ တစ်ခုအဖြစ် မွေးနေ့ရှင်ဝန်ထမ်းများအတွက် မွေးနေ့ပွဲလေးများကို လစဉ် စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိပါသည်။ အဆိုပါပွဲများတွင် မွေးနေ့သီချင်းသီဆိုခြင်းနှင့် မွေးနေ့ကိတ်ခွဲခြင်းတို့ဖြင့် ဝန်ထမ်းအားလုံး ပျော်ရွှင်စွာ ဆင်နွှဲကြပါသည်။















