ငွေရေးကြေးရေးနှင့် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အခြေခံအသိပညာမျှဝေရေးအစီအစဥ်

စထာပါနာလီမိတက်မြန်မာသည် တာဝန်သိဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ ဘဏ္ဍာရေးဆိုင်ရာ အသိပညာများ မျှဝေပေးအပ်ရန် ဟူသည့် ကတိကဝတ်ကို ဖြည့်ဆည်းရန်ရည်ရွယ်၍ ငွေရေးကြေးရေးနှင့် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာအခြေခံအသိပညာ မျှဝေရေး အစီအစဥ် (Digital Financial Literacy Awareness Training Program) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်လုပ်ဆောင်နေရာ ယနေ့ထိဆိုလျှင် အင်းစိန်၊ လှိုင်သာယာ၊ လှည်းကူး၊ တိုက်ကြီး၊ မအူပင်၊ ပန်းတနော်၊ ဖျာပုံ၊ ဟင်္သာတ၊ မြန်အောင် စသည့် ရုံးခွဲအသီးသီးမှ အသင်းသား (၆၆၅) ဦးအား အသိပညာမျှဝေခဲ့ပြီး ဖြစ်ပါသည်။

ဤအစီအစဥ်ကို အသင်းသားများ ဝင်ငွေ၊ ထွက်ငွေကို သုံးသပ်စိစစ်နိုင်ရန်၊ စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းအလေ့အထအား အားပေးရန်၊ ချေးငွေနှင့် အကြွေးကို ကောင်းမွန်စွာစီမံခန့်ခွဲတတ်စေရန်၊ ဒီဂျစ်တယ် ငွေကြေးဗဟုသုတရရှိစေရန်နှင့် Digital Platforms များမှတဆင့် ချေးငွေပေးဆပ်နည်းများကို သိရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ အသိပညာမျှဝေပွဲသို့ တက်ရောက်လာကြသော အသင်းသားများကိုလည်း လက်ဆောင်များပေးအပ်၍ မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ Citizens Pay မှလည်း ၎င်း၏ အပလီကေးရှင်းအကြောင်းရှင်းပြကာ သုံးစွဲခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် သာလွန်ကောင်းမွန်မှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

  

Share this post