စထာပါနာမှ ဇူလိုင်လ မွေးနေ့ပွဲ

စထာပါနာလီမိတက်မြန်မာသည် ဝန်ထမ်းများအကြား ပျော်ရွှင်မှု၊ စည်းလုံးညီညွတ်မှုနှင့် သဘောတူညီမှုကို အမြဲတမ်းတန်ဖိုးထားပြီး ထိုရည်ရွယ်ချက်အတိုင်း ဝန်ထမ်းအချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးစေရန်နှင့် လုပ်ငန်းအတွင်း သာယာသော ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်ရန်အတွက် ဝန်ထမ်းစုပေါင်းလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါသည်။
 
ထိုလှုပ်ရှားမှုများအနက်မှ တစ်ခုအဖြစ် လစဉ်မွေးနေ့ရှိသော ဝန်ထမ်းများအတွက် မွေးနေ့ပွဲလေးများကို စဉ်ဆက်မပြတ်ကျင်းပလျက်ရှိပါသည်။ အဆိုပါပွဲများတွင် မွေးနေ့ကိတ်မုန့်ခွဲခြင်း နှင့် မွေးနေ့သီချင်းသီဆိုခြင်းတို့ဖြင့် ဝန်ထမ်းအားလုံး ပျော်ရွှင်စွာ ဆင်နွှဲကြပါသည်။
 
ယခု ဇူလိုင်လတွင်လည်း ဇူလိုင်လမွေးနေ့ရှိသော ဝန်ထမ်းများအတွက် မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့ပြီး၊ ပွဲအတွင်းမှ ရိုက်ကူးထားသော ကြည်နူးဖွယ်ရာ အမှတ်တရပုံရိပ်များကိုလည်း မျှဝေပေးလိုက်ပါတယ်ရှင်။
  
 
 
 
 
 
 
 
 
 

Share this post