စထာပါနာလီမိတက်မှ ငွေကြေးကူညီထောက်ပံ့သော SAM အစမ်းစီမံကိန်း

စမတ်စိုက်ပျိုးမွေးမြူရေးမြန်မာ (SAM) နှင့် စထာပါနာတို့ ပူးပေါင်းလုပ်ဆောင်သော ရှေ့ပြေးစီမံကိန်း ဖူးစားပြောင်းသည် တောင်ယာစိုက်ပျိုးရေးသမားများအတွက်၊ အထူးသဖြင့် ရှမ်းပြည်နယ်၏ အဓိက ကောက်ပဲ သီးနှံတစ်မျိုး ဖြစ်သည်။ ဖူးစားပြောင်းသည် စီးပွားဖြစ်စိုက်ပျိုးသောသီးနှံဖြစ်ပြီး မြန်မာနိုင်ငံ နှစ်စဉ် ပြောင်းထုတ်လုပ်မှု၏ ၅၀% ကျော်ကို တရုတ်၊ ထိုင်း၊ ဗီယက်နမ် နှင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိပါသည်။


SAM ရှေ့ပြေးစီမံကိန်း၏ တစိတ်တဒေသအဖြစ် စထာပါနာသည် တောင်ကြီးမြို့နှင့် ရပ်စောက်မြို့ တို့တွင်ရှိ သော (အသေးစား) ပြောင်းစိုက်တောင်သူ (၁၄) ဉီးကို စိုက်ပျိုးမွေးမြူရေးချေးငွေ ထောက်ပံ့ခဲ့ပါသည်။


၎င်းစီမံကိန်းသည် စိုက်ပျိုးရေးလုပ်ငန်းစဉ်များ၊ အထွက်နှုန်းများ၊ ရောင်းတန်းဈေးများ၊ ဈေးကွက်၌ဝင်ဆန့်နိုင်ခြင်း နှင့် စရိတ်သက်သာသော ဘဏ္ဍာရေးဝန်ဆောင်မှုကို လက်လှမ်းမီခြင်း အစရှိသည်တို့ တိုးတက်ဖြစ်ပေါ် လာစေရေးအတွက် ဧကအနည်းငယ်ပိုင် တောင်ယာစိုက်ပျိုးရေးသမားများ၊ အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်းရှိ ဧကအနည်းငယ်ပိုင် ပြောင်းစိုက်တောင်သူများ လိုအပ်သော သတင်းအချက်အလက်များ ထောက်ပံ့ပေးခြင်း ဝန်ဆောင်မှုကို တိုးချဲ့နိုင်ရန် ရည်ရွယ်ပါသည်။


SAM ရှေ့ပြေးစီမံကိန်းသည် တောင်ယာသမားများကို စိုက်ပျိုးရေးဗဟုသုတနှင့် အလေ့အကျင့်များ ထောက်ပံ့ ပေးသော၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ ဘဏ္ဍာရေးအခွင့်အလမ်းများ ဖြစ်ပေါ်လာစေသော၊ ရွှေသီးနှံ ရွေ့လျားဒစ်ဂျစ်တယ်ဝန်ဆောင်မှု (Golden Peddy Mobile Digital Service Platform) ကို တည်ထောင်ခဲ့သော Impact Terra အဖွဲ့အစည်း၊ တောင်ကြီးမြို့နှင့် ရပ်စောက်မြို့တို့မှ ရွေးချယ်ထားသော အသေးစားပြောင်းစိုက်တောင်သူများကို ချေးငွေထောက်ပံ့ပေးသော စထာပါနာလီမိတက်တို့နှင့်တကွ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

Share this post