စထာပါနာလီမိတက်မှ ဝန်ထမ်းအားလုံးတစ်ဦးချင်းစီတိုင်းကို ချစ်စရာကောင်းတဲ့ပန်းစည်းနှင့် အသိအမှတ်ပြုဆုမွန်ကောင်းကဒ်များကို ဧပြီလ ၂၈ ရက်နေ့တွင် ပေးအပ်ခဲ့သည်

(၂၀၂၃) ခုနှစ် မေလ (၁) ရက်နေ့တွင်ကျရောက်သည့်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ အထိမ်းအမှတ် အဖြစ် “စထာပါနာလီမီတက်” မှ အမှတ်တရ ပန်းစည်းနှင့် ကျေးဇူးတင်လွှာများကို ဝန်ထမ်းများအား ၂၈.၄.၂၀၂၃ နေ့တွင် လက်ဆောင် ပေးအပ်ခဲ့ပါသည်။

ကျေးဇူးတင်လွှာတွင် စထာပါနာလီမီတက်၏ အမှုဆောင်အရာရှိချုပ် (CEO) Mr. Sudeep Gupta မှ စထာပါနာ၏ ဝန်ထမ်းများအား လုပ်ငန်းတွင် ကြိုးပမ်းဆောင်ရွက်မှု၊ မိမိ၏ အလုပ်အပေါ်တွင် အာရုံစူးစိုက် နှစ်မြှုပ်ထားရှိမှု၊ ကုမ္ပဏီနှင့် လုပ်ငန်းအပေါ်တွင် ထားရှိသော ကတိကဝတ်များကို လေးစားလိုက်နာမှု နှင့် လုပ်ငန်းတိုးတက်အောင်မြင်အောင် ပါဝင်အထောက်အကူပြုခဲ့မှုတို့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ စထာပါနာ၏ အနာဂတ်ရည်မှန်းချက် (Vision) နှင့် ရည်မှန်းချက် ပြီးမြောက်အောင် ထမ်းရွက်နေသော တာဝန် (Mission) များ အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီ၏ အခန်းကဏ္ဍသည် အမှန်တကယ်ပင် ပဓာနကျပါသည်ဟု ဖော်ပြပါရှိခဲ့ပါသည်၊

ထို့အပြင် ဝန်ထမ်းတစ်ဦးချင်းစီသည် စထာပါနာလီမိတက်၏ အောင်မြင်မှုတွင် သီးခြားခွဲထုတ်၍မရသော တသားတည်းဖြစ်သည့် အစိတ်အပိုင်းများ ဖြစ်ကြောင်းကို သတိရစေလိုပါကြောင်း၊ မိမိ၏ အလုပ်ကို ထူးချွန်စွာဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုကိုလည်း ကျေးဇူးတင်အပ်ပါကြောင်း၊ ယခုကဲ့သို့ တည်ငြိမ်မှုနည်းပြီး အပြောင်းအလဲများသော လုပ်ငန်းပတ်ဝန်းကျင် အခြေအနေတွင် ကျွန်ုပ်တို့အားလုံး ညီညွှတ်စွာ ၊ ဟန်ချက်ညီစွာနှင့် ငြိမ်းချမ်းစွာ အတူတကွ  ရှင်သန်ရပ်တည်လိုပါသည် ဟုလည်း ထည့်သွင်းဖော်ပြခဲ့ပါသည်။

“နောက်ဆုံးအနေဖြင့် စထာပါနာလီမိတက်ကိုရွေးချယ်၍ စထာပါနာလီမိတက် နှင့်အတူ တည်ရှိပေးမှုအတွက်လည်း ဝန်ထမ်းများအားလုံးအား ကျေးဇူးတင်ပါကြောင်းကို ထပ်လောင်းပြောကြားလိုပါသည်” ဟူ၍ ဖော်ပြပါရှိခဲ့ပါသည်။

Share this post