သွေးလှူပါ၊ အသက်ကယ်ပါ – နှလုံးသားလက်ဆောင် မျှဝေပါ။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့တွင် စထာပါနာ၏ တတိယအကြိမ်မြောက် သွေးလှူဒါန်းပွဲကို ကုမ္ပဏီ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ယူစွာဖြင့် ပြုလုပ်ခဲ့ပါသည်။ ဝန်ထမ်း စုစုပေါင်း (၅၂) ဦး သွေးလှူဒါန်းရာတွင် ပါဝင်ခဲ့ကြပြီး၊ ၎င်းတို့၏ သဒ္ဓါတရားကို အသိအမှတ်ပြုသော ဂုဏ်ပြုအခမ်းအနားတွင် CEO မှ ကျေးဇူးတင်မိန့်ခွန်းပြောကြားခဲ့ပါသည်။
ထိုအခမ်းအနားတွင် CEO၊ DCEO နှင့် COO တို့မှ အာဟာရဖြည့်စွက်စာများပါဝင်သည့် လက်ဆောင်ထုပ်များကို သွေးလှူရှင်တစ်ဦးချင်းစီထံ ပေးအပ်ခဲ့ကြသည်။ သွေးလှူဒါန်းခြင်းသည် မေတ္တာလွှမ်းခြုံသော အလှူဒါနတစ်ခုသာမက၊ တစ်ဦးတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်သော လက်ဆောင်လည်းဖြစ်သည်။
လူမှုပတ်ဝန်းကျင်နှင့် လူထုအကျိုးပြုလုပ်ဆောင်မှုများတွင် ဆက်လက်ပါဝင်နေသော စထာပါနာဝန်ထမ်းများကို ဝမ်းမြောက်ဂုဏ်ယူအပ်ပါသည်။









z











