ဒုတိယအကြိမ်မြောက် သွေးလှူဒါန်းခြင်းတွင် စထာပါနာဝန်ထမ်းများ၏ ပါဝင်လှုပ်ရှားမှု

ဒုတိယအကြိမ်မြောက် သွေးလှူဒါန်းခြင်းတွင် စထာပါနာဝန်ထမ်းများ၏ ပါဝင်လှုပ်ရှားမှု                                                                                                              ဇူလိုင်လ ၂၅ ရက်၊ ရန်ကုန်

 

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့ တွင်ကျရောက်မည့် “စထာပါနာလီမိတက်၏ ၉ နှစ်ပြည့် နှစ်ပတ် လည်” ကို မျှော်မှန်းရင်း ယနေ့ ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာနတွင်ကျင်းပသော သွေးလှူဒါန်းပွဲ၌ စထာ ပါနာဝန်ထမ်းများ စုပေါင်း၍ ပါဝင်ခဲ့ပါသည်။

သွေးသည် လူ့အသက်တစ်ချောင်းအတွက် မရှိမဖြစ်လိုအပ်သော အရင်းအမြစ်ဖြစ်ပြီး ထုတ်လုပ်ခြင်း သို့မဟုတ် အစားထိုး၍မရသော အရာဖြစ်သည်။ သန့်ရှင်းစင်ကြယ်သောသွေးရရှိမှုသည် အချိန်မီ ကုသရန်လိုအပ်သော လူနာများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများအတွက် အလွန် အရေး ကြီးပါသည်။

အဆိုပါ သွေးလှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရုံးချုပ်နှင့် ရုံးခွဲအသီးသီးမှ ဝန်ထမ်းစုစုပေါင်း (၃၄) ဦး ပါဝင်လှူဒါန်းခဲ့ပါသည်။ ကျွန်ုပ်တို့သည် “တစ်စုံတစ်ယောက်၏ နှလုံးခုန်ခြင်းအတွက် အကြောင်းရင်း” ဖြစ်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပြီး လိုအပ်နေသူများအား ကိုယ်ကျိုးမဖက်ဘဲ သွေးလှူဒါန်းခြင်း အတွက် ဝန်ထမ်းတစ်ဦးစီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ။

 

စထာပါနာလီမိတက် (ရုံးချုပ်)                                                                                                                                                                                                                ရန်ကုန်၊ မြန်မာ။

 

Share this post