မိုးစပါး စိုက်ပျိုးခြင်း

 

မည်ကဲ့သို့သောစိန်ခေါ်မှုနှင့် အခက်အခဲအကျပ်အတည်းများကို ရင်ဆိုင်နေရသည်ဖြစ်စေ၊ ဆန်စပါးသည် မြန်မာပြည်သူများ နေ့စဉ်စားသုံးနေရသော အဓိကအာဟာရသီးနှံ ဖြစ်ပါသည်။

လေ့လာထုတ်ပြန်ထားသော သုတေသနစစ်တမ်းများအရ မြို့ပြနှင့် ကျေးလက် (၂) မျိုးလုံးရှိ မြန်မာပြည်သူများ နေ့စဉ်စားသုံးသည့် ကယ်လိုရီစုစုပေါင်းတွင် ဆန်စပါး ပါဝင်မှုမှာ ပျှမ်းမျှခြင်းအားဖြင့် ၆၀% ဝန်းကျင်ခန့်ရှိသည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာစုစုပေါင်း၏ ၅၀% ဝန်းကျင်ခန့်ကို ဆန်စပါးစိုက်ပျိုးပြီး၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုသည် မြန်မာ့လယ်ယာထွက်ကုန် တန်ဖိုးစုစုပေါင်းတွင် ၄၀% ခန့် နှင့် နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) တွင် ၁၄% ခန့်အထိ ပါဝင်ပါသည်။

စထာပါနာလီမိတက်သည် နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိကအကျဆုံးသီးနှံ ဖြစ်သည့် ဆန်စပါးစိုက်ပျိုးမှု ကို အားပေးမြှင့်တင်ပါသည်။ ယခုနှစ် မိုးရာသီ ဆန်စပါးစိုက်ပျိုးမှုအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလ မှ ဇူလိုင်လ အတွင်း စိုက်ပျိုးရေးချေးငွေ (ဆန်စပါးသီးသန့်) စုစုပေါင်း ကျပ်ငွေ (၈.၈၂၅) ဘီလီယံခန့်ကို နိုင်ငံတဝှမ်းရှိ အသင်းသားပေါင်း (၈,၅၄၇) ဦးအား ချေးငွေဝန်ဆောင်မှု ပေးအပ်ခဲ့ပါသည်။

 

 

Share this post