ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတမြို့နယ်၊ သုံးပင်ကွင်းရပ်ကွက်မှ အသင်းသား ၂ ဦး၊ စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် နယ်မြေ (၆\၁၃) မှ အသင်းသား ၁ ဦး၊ စစ်ကိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအုပ်စု၊ ဘုန်းဘွဲ့ကျေးရွာ မှ အသင်းသား ၁ ဦးတို့သည် မတော်တဆဖြစ်ပွားသည့် မီးလောင်မှုကြောင့် (၁၀၀%) မီးလောင်ဆုံးရှုံးခဲ့ရသည့်အတွက် စထာပါနာ၏ အသင်းသား (၄) ဦးအား ဝန်ထုပ်ဝန်ပိုးဆက်လက်မဖြစ်စေရေးအတွက် စထာပါနာလီမိတက်မှ ရရန်ကျန်ရှိနေသေးသော ချေးငွေလက်ကျန်စာရင်း (အကြွေးစာရင်း) များကို ပယ်ဖျက်ပေးခဲ့ပါသည်။
