မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်နှင့် မြန်မာ့နှစ်သစ်ကူး

အသစ်စတင်ခြင်း၊ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုများ သယ်ဆောင်လာပေးမည့် မြန်မာ့နှစ်သစ်ကူးအချိန်ခါ ကျရောက်တော့မည်ဖြစ်ပါသဖြင့် စထာပါနာလီမိတက်သည် ဤကဲ့သို့မင်္ဂလာရှိသောအခါသမယကို  ဆင်နွှဲရ သည့်အတွက် ပျော်ရွှင်ကြည်နူးရပါသည်။ ဧပြီလ၊ ဒုတိယအပတ်တွင် ရိုးရာမပျက်ကျင်းပလေ့ရှိသော နှစ်သစ်ကူး အချိန်အခါတွင် မြန်မာလူမျိုးများသည် နှစ်ဟောင်းကအညစ်အကြေးများကို သင်္ကြန်ရေနဲ့ ‌ဆေးကြောခြင်း၊ နှစ်သစ်ကို လူသစ်စိတ်သစ်ဖြင့်ကြိုဆိုခြင်း စသည့် အဓိပ္ပာယ်ဖြင့် ဓလေ့မပျက် အချင်းချင်း ရေပက်ဖြန်းကြ ပါသည်။

နှစ်ပေါင်းရာစုတိုင်ကျင်းပလာသော ဓလေ့ရိုးရာအဖြစ်စွဲမှတ်၍ စထာပါနာလီမိတက်ဝန်ထမ်းများသည် မြန်မာ့ နှစ်သစ်ကူးသင်္ကြန်ပွဲကို ရေပက်ဖြန်းဆော့ကစား၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ၊ (၁၁) ရက်နေ့တွင် အမှတ်တရ ကျင်းပခဲ့ ပါသည်။ သင်္ကြန်ပွဲကို စထာပါနာရုံးချုပ်၌ ရိုးရာသင်္ကြန်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်၍ လည်း‌ကောင်း၊ တည်ခင်းထားသောစားသောက်ဖွယ်ရာများကို ပျော်ရွှင်စွာစားသောက်၍လည်းကောင်း၊ အချင်းချင်းရေပက်ဖြန်း ၍လည်းကောင်း ဝန်ထမ်းများအားလုံး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ပါသည်။

နှစ်သစ်ကူးပြောင်းချိန်တွင် ကျန်းမာပျော်ရွှင်မှု၊ ချမ်းသာကြွယ်ဝမှုနှင့် ကြီးမားသောအောင်မြင်မှုများ ရရှိပိုင်ဆိုင် နိုင်ပါစေကြောင်း ကျွန်ုပ်တို့စထာပါနာနှင့် လုပ်ငန်းဆက်စပ်ပတ်သက်နေသူများနှင့် မြန်မာပြည်သူပြည်သားများ အားလုံးအတွက် ဆုမွန်ကောင်း တောင်းအပ်ပါသည်။

 

 

 

 

Share this post