ရုံးခွဲစီမံခန့်ခွဲသူများ အလုပ်ရုံအစည်းအဝေး

စထာပါနာလီမိတက်၏ ရုံးခွဲစီမံခန့်ခွဲသူများ အလုပ်ရုံအစည်းအဝေးကို မန္တလေးတိုင်းဒေကြီး၊ ပုဂံမြို့၊ ပုဂံသီရိပစ္စယ ဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့၌ ကျင်းပခဲ့ပြီး ဒါရိုက်တာနှင့် အမှုဆောင်ကော်မတီဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံများ၊ ရုံးခွဲတာဝန်ခံ များမှ တက်ရောက်ပါဝင်ခဲ့ကြပါသည်။ ထိုအလုပ်ရုံအစည်းအဝေးတွင် ရုံးခွဲများ၏ အောင်မြင်မှု သာမက ကုမ္ပဏီ ၏ အောင်မြင်မှုကိုပါ ဝေမျှခဲ့ပြီးနောက် လုပ်ငန်းဆောင်ရွက်နေသော စီမံခန့်ခွဲသူများ၏ အဓိက စိန်ခေါ်မှုများနှင့် အခက်အခဲများကိုလည်း တင်ပြဆွေးနွေးခဲ့သဖြင့် လွန်စွာအကျိုးဖြစ်ထွန်းသော အစည်းအဝေး ဖြစ်ခဲ့ပါသည်။ နောက်ဆုံးတွင် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အတွေးအခေါ်များ အချင်းချင်း ဝေမျှခြင်းဖြင့် အစည်းအဝေးပွဲကို ပိတ်သိမ်းခဲ့ပါသည်။

ယခုအစည်းအဝေးသို့ တက်ရောက်လာသူအရေအတွက်နှင့် မနှစ်က အရေအတွက်ကို နှိုင်းယှဉ်ကြည့်ပါက ကုမ္ပဏီ၏ အံသြလောက်ဖွယ် တိုးတက်ပြောင်းလဲမှုကို သိသာစွာ မြင်ရပါသည်။ ဤမျှသာမက တက်ရောက်လာ သူများထဲမှ အများစုသည် မြန်မာလူမျိုးများဖြစ်ပြီး စီမံခန့်ခွဲမှုအဆင့်၌ အရေးပါသော ရာထူးနေရာများကို တာဝန်ယူနေကြသူများ ဖြစ်ပါသည်။ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် လူသည် လုံးဝအရေးပါသော အရင်း အမြစ်ဖြစ်သည့်အလျောက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် စထာပါနာ၏ ပထမဦးစားပေး ရည်ရွယ်ချက် ဖြစ်ပါသည်။

Share this post