လူမှုအဖွဲ့အစည်းအကျိုးပြုအနေဖြင့် ကမ္ဘာ့သွေးလှူရှင်များနေ့တွင် စထာပါနာဝန်ထမ်းများစုပေါင်း သွေးလှူဒါန်းခြင်း။

၂၀၂၃ခုနှစ် ၊ ဇွန်လ (၁၄) ရက် ၊ ရန်ကုန်။

ယနေ့၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ၊ ၁၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သွေးလှူရှင်များနေ့အား ဂုဏ်ပြုသောအားဖြင့် စထာပါနာလီမိတက်၏ ဝန်ထမ်းများမှ အမျိုးသားသွေးလှူဘဏ်၌ စုပေါင်း သွေးလှူဒါန်းခဲ့ကြပါသည်။

သွေးသည် လူသားအားလုံးအတွက် ဖန်းတီးလုပ်ယူ၍လည်းမရ၊ အစားထိုး၍လည်းမရသော အသက်သွေးကြောဖြစ်ပါသည်။ သန့်စင်သော သွေးကောင်းသွေးသန့်ရရှိရေးသည် အချိန်မီကုသမှုများဆောင်ရွက်ရန် သွေးလိုအပ်နေသော လူနာများအားလုံးအတွက် အသက်တမျှ အရေးကြီးပါသည်။

စထာပါနာလီမိတက်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးခွဲများမှ ဝန်ထမ်းစုစုပေါင်း (၂၇) ဦးခန့် ဤသွေးလှူဒါန်းပွဲတွင် စေတနာအလျောက် ပါဝင်လှူဒါန်းခဲ့ကြပါသည်။ ယခုကဲ့သို့ သွေးလှူဒါန်းခြင်းဖြင့် “လူသားတစ်ဦးတစ်ယောက်၏ နှလုံးခုန်သံ” ဆက်လက်တည်ရှိခွင့်တွင် ပါဝင်အထောက်အကူပြုသော အကြောင်းတရားဖြစ်ရခြင်းအတွက် ကျွန်ုပ်တို့များစွာ ကျေးဇူးတင်ဝမ်းမြောက်ရပါသည်။ အမှန်တကယ် သွေးလိုအပ်လျက်ရှိသောသူများ၏ အသက်ရှင်သန်မှုကို အထောက်အကူပေးသည့် ကိုယ်ကျိုးမငဲ့သော၊ မြင့်မြတ်လှသော လုပ်ဆောင်မှုအတွက် ယခုသွေးလှူဒါန်းမှုတွင်ပါဝင်ခဲ့သော ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ရှိပါသည်။

Share this post