အလုပ်သမားများနေ့ အထိမ်းအမှတ် ဝန်ထမ်းများအား ဂုဏ်ပြုခြင်း

၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ အထိမ်းအမှတ် အဖြစ် စထာပါနာလီမီတက်မြန်မာသည် ‌ရွှေလာငွေလာပင်နှင့် ကျေးဇူးတင်လွှာများကို ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီ အား ၃၀.၄.၂၀၂၄ နေ့တွင် အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါသည်။
ကျေးဇူးတင်လွှာတွင် စထာပါနာလီမိတက်၏ အမှုဆောင်အရာရှိချုပ် (CEO) Mr. Sudeep Gupta က ဝန်ထမ်းများမှ သက်သေပြခဲ့ပြီးသော မယိမ်းမယိုင်ကြိုးစားအားထုတ်မှုနှင့် အကောင်းဆုံး ရလဒ်များရရှိအောင် ထားရှိသော ကတိ ကဝတ်များအတွက် အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ တစ်ဦးစီ၏ပံ့ပိုးမှုများသည် ကုမ္ပဏီအောင်မြင်မှု ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ပြီး ၎င်းတို့၏ကြိုးပမ်းအားထုတ်မှုအတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
Mr. Sudeep Gupta သည် ဝန်ထမ်းတစ်ဦးစီ၏ ချီးကျူးဂုဏ်ပြုထိုက်သော ကျွမ်းကျင်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် အဖွဲ့လိုက်လုပ်ဆောင်မှုတို့ကို အသိအမှတ်ပြုလျက် ကုမ္ပဏီ၏တန်ဖိုးမဖြတ်နိုင်သော အစိတ်အပိုင်းတစ်ခုအဖြစ် တန်ဖိုးထားကြောင်းကိုလည်း ပြောကြားထားပါသည်။ ဒါ့အပြင် ဝန်ထမ်းအားလုံးကို စည်းလုံးညီညွတ်မှု၊ သဟဇာတ ဖြစ်မှု၊ ငြိမ်းချမ်းမှုတို့ဖြင့် စိန်ခေါ်မှုများကို ကျော်လွှားပြီး အကောင်းဆုံးရလဒ်များအတွက် အတူတကွဆက်လက် ကြိုးပမ်းရန် တိုက်တွန်းခဲ့သည်။ နောက်ဆုံးအနေနဲ့ စထာပါနာကို ‌‌ရွေးချယ်ပေးခဲ့သည့်အတွက်သာမက အကောင်းဆုံးရလဒ်များရရှိအောင် ဆက်လက်ထားရှိခဲ့သော ဝန်ထမ်းတစ်ဦးချင်းစီ၏ ကတိကဝတ်များကိုပါ ကျေးဇူးတင်ကြောင်း ဖော်ပြထားပါသည်။
 
 
 
 
 
 
 
 
 
 

Share this post