အသိပေးကြေညာခြင်း

နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ (၃) ရက်
 
(၁) စထာပါနာလီမိတက်သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ဖြင့် အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသော အဖွဲ့အစည်းဖြစ်ပါသည်။
 
(၂) ယခုအခါ အချို့သောနေရာများတွင် စထာပါနာအမည်ကို အသုံးပြုပြီး စထာပါနာမှ ဝန်ထမ်း အယောင်ဆောင်၍ ဝန်ထမ်းပုံများကို အသုံးပြုကာ လူမှုကွန်ယက်မှဖြစ်စေ၊ စထာပါနာအမည်ကိုအသုံးပြုကာ Facebook Page အတုများဖွင့်လှစ်ကာ ဆက်သွယ်ပြောဆို၍ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဆက်သွယ် ပြောဆို၍ဖြစ်စေ၊ ချေးငွေရရှိမည်ဟု ပြောကြား၍ ကြိုတင်ငွေတောင်းခံခြင်း၊ လိမ်လည်လှည့်ဖြားခြင်းများ တွေ့နေရပါသည်။
 
(၃) စထာပါနာသည် မည်သို့သောကြိုတင်ငွေကိုမျှကောက်ခံခြင်း လုံးဝ (လုံးဝ) မရှိပါ။ ထို့အပြင် စထာပါနာ ၏ ချေးငွေဝန်ဆောင်မှုအတွက် မည်သည့်ကြိုတင်ငွေမျှပေးအပ်ရန်လည်း မလိုအပ်ပါ။ စထာပါနာ၏ ငွေကြေး ဝန်ဆောင်မှုပေးရာတွင် ကြားခံလူများ၊ ပွဲစားများလည်း မထားရှိပါ။ ချေးငွေလျှောက်ထားခြင်းလုပ်ငန်းစဉ်များ ကို စထာပါနာ၏ဝန်ထမ်းများမှ လူကြီးမင်း၏ အိမ်တိုင်ယာရောက် လာရောက်ဝန်ဆောင်မှုပေးမည် ဖြစ်ပြီး၊ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီ၍ ချေးငွေခွင့်ပြုချက်ရရှိခဲ့ပါက ရရှိသောချေးငွေကိုလည်း စထာပါနာ၏ သက်ဆိုင်ရာ ရုံးခွဲများ၌ အသင်းသားကိုယ်တိုင်လာရောက်ထုတ်ယူရမည် ဖြစ်ပါသည်။ ကျသင့်သော ဝန်ဆောင်ခ အခကြေးငွေကိုလည်း ချေးငွေထုတ်ပေးသောအခါမှသာ ကောက်ယူပါသည်။ ကြိုတင် တောင်းခံမှုမရှိပါ။
 
(၄) ထို့ကြောင့် စထာပါနာ၏ ငွေကြေးဝန်ဆောင်မှုကို ရယူနိုင်ရန်အတွက် ပွဲစားခတောင်းခံခြင်း၊ ကြိုတင် ငွေတောင်းခံခြင်း စသော ငွေကြေးတောင်းခံခြင်းနှင့် လိမ်လည်လှည့်ဖြားမှုများ တွေ့ရှိပါက အောက်ဖော်ပြပါ လိပ်စာနှင့် တယ်လီဖုန်းများသို့ ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
 
(၅) လိမ်လည်လှည့်ဖြားသူများကိုလည်း ဖော်ထုတ်၍ သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ (ထိရောက်စွာ) အရေးယူသွားမည်ဖြစ်သောကြောင့် လိမ်လည်လှည့်ဖြားမှုများကို ရပ်တန်းကရပ်ကြရန် ပြင်းထန်စွာသတိပေးအပ်သည်။
 
(၆) ထိုကဲ့သို့လိမ်လည်လှည့်ဖြားနေသော Facebook Page နှင့် Facebook Account အတုများမှာ အောက်ပါအတိုင်းဖြစ်သည်။
 
 
စထာပါနာလီမိတက်
ရန်ကုန်ရုံးချုပ်
အမှတ် (၃၅၁/ခ) ၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၀၉၉၆၄၅၅၆၂၀၄

Share this post