၂၀၂၃ ခုနှစ်အစောပိုင်းတွင် စစ်တမ်းကောက်ယူခဲ့သော Training Gap Analysis ၏ နောက်ဆက်တွဲ အကောင်အထည်ဖော်ဆောင်ရေး စီမံကိန်းတစ်ခုအနေဖြင့် ဧရာဝတီဒေသတွင်းရှိ စထာပါနာလီမိတက်၏ အချို့သော ရုံးခွဲများတွင် မတူညီသော ရာထူးအသီးသီးအတွက် ကျွမ်းကျင်မှုမွမ်းမံမြှင့်တင်ရေးသင်တန်းများကို အောင်မြင်စွာ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ ဤသင်တန်းများမှတစ်ဆင့် သင်တန်းသားများသည် စိတ်ဝင်စားဖွယ်ကောင်းသော သင်ကြားနည်းမျိုးစုံတွင် တက်တက်ကြွကြွပူးပေါင်းပါဝင် မေးဖြေလေ့လာသင်ယူနိုင်ခဲ့ပါသည်။ အဆိုပါ သင်တန်းများမှတစ်ဆင့် စထာပါနာလီမိတက်ရှိ ဝန်ထမ်းများ၏ နေ့စဉ်လုပ်ငန်းဆောင်တာအသီးသီးတွင်လိုအပ်သော လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်ရည်ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်လိမ့်မည်ဟု ရည်ရွယ်ပါသည်။


