၂၀၁၉ ခုနှစ် နှစ်သစ်အကြိုပွဲ

၂၀၁၉ ခုနှစ် နှစ်သစ်အကြိုပွဲကို စထာပါနာလီမိတက်၊ ရုံးချုပ်၌ ဇန်နဝါရီလ၊ (၇) ရက်နေ့ မနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။ ထိုပွဲကို ပဏ္ဍိတရာမဇောတိကာရုံ ပရိယတ္တိစာသင်တိုက်မှ ဆရာတော်အရှင်ဒေါက်တာ ပဏ္ဍိတဇောတိ နှင့် သံဃာတော်များမှ ကြွရောက်၍ သြဝါဒတရား ဟောကြားခဲ့ပြီး စထာပါနာလီမိတက်မှ CEO – Mr. Seang Serey ၊ COO – Mr. Chhay Sokchea ၊ စီမံခန့်ခွဲသူများ နှင့် ဝန်ထမ်းများမှ တက်ရောက် တရားနာကြားခဲ့ပါသည်။
ပထမဦးစွာ တက်ရောက်လာသူများမှ ဆရာတော်အရှင်သံဃာများအား နေ့ဆွမ်းကပ်လှူ ပူဇော်ခဲ့ကြပါသည်။ ထို့နောက် ဆရာတော်အရှင်ဒေါက်တာ ပဏ္ဍိတဇောတိ ထံမှ ငါးပါးသီလခံယူ၍ ဆရာတော်အရှင်သံဃာများ၏ ပရိတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်းကို နာယူခဲ့ကြပါသည်။

CEO မှ ဆရာတော်အားလည်းကောင်း၊ စီမံခန့်ခွဲရေးအဖွဲ့နှင့် ဝန်ထမ်းများမှ ကျန်ရှိသော သံဃာတော်များအား လည်းကောင်း သင်္ကန်းနှင့် ကပ်လှူပူဇော်ဖွယ်များကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ထိုကဲ့သို့ ကပ်လှူပူဇော်ခဲ့ပြီးနောက် CEO နှင့် တက်ရောက်လာသူများမှ ဆရာတော် ဟောကြားသော တရား ဒေသနာတော်ကို နားကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အား ရည်စူး၍ အမျှပေးဝေခဲ့ပါသည်။ နောက်ဆုံး အစီအစဉ် အဖြစ် ဆရာတော်မှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးခြင်းဖြင့် နှစ်သစ်ကူးအကြိုပွဲကို အောင်မြင်စွာ ပိတ်သိမ်း ခဲ့ပါသည်။

Share this post