၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လူမှုဖူလုံရေး ထောက်ပံ့ပေးအပ်မှုများ

ဘဝတွင်ကြုံတွေ့ရတတ်သည့် မမျှော်မှန်းနိုင်သော ကိစ္စရပ်များကြောင့် ထိခိုက်ဆုံးရှုံးရမှုများ ဖြစ်ပေါ်လာသော အခါ၊ မိမိအသင်းသားများ၏ လူမှုစီးပွားအပေါ် အကျိုးသက်ရောက်မှုများကို လျော့ပါးသက်သာစေရန်အတွက် ၎င်း၊ မိသားစုတွင် ကလေးမွေးဖွားလာသောအခါ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍၎င်း၊ “လူမှုဖူလုံရေး အစီအစဉ်” (Social Welfare Program) ကို ရေးဆွဲ၍၊ စထာပါနာမှ မိမိ၏အသင်းသားများကို “လူမှုရေးအကာအကွယ်” (Social Protection) ပေးအပ်ထားပါသည်။

အသင်းသားများ ကလေးမွေးဖွားခြင်း၊ သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက်၊ စထာပါနာလီမိတက်၏ လူမှုဖူလုံရေးအစီအစဉ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ အထိ) အတွင်း စုစုပေါင်းငွေကျပ် (၁.၃) ဘီလီယံခန့်ကို စထာပါနာ၏ အသင်းသားပေါင်း (၆,၀၆၂) ဦးအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

စထာပါနာလီမိတက်သည် မိမိ၏ အသင်းသားများ ကြုံတွေ့ရသည့် လူမှုစီးပွားအခက်အခဲများ လျော့ပါး သက်သာနိုင်ရေးအတွက်၊ အတိုင်းအတာတခုအထိ၊ “လူမှုရေးအကာအကွယ်” အဖြစ် အထောက်အကူပြုပေး နေသော၊ ယခု “လူမှုဖူလုံရေးအစီအစဉ်” ရေရှည်တည်တံ့နိုင်ရေးအတွက်၊ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

 

 

 

 

Share this post