🎄စထာပါနာလီမိတက်၏ ခရစ္စမတ်စ်နှင့် နှစ်သစ်ကူးအကြိုပွဲတော်🎄

🎄🎄 စထာပါနာလီမိတက်သည် ၂၀၂၅ ခုနှစ်၊ ခရစ္စမတ်စ်နှင့် နှစ်သစ်ကူးအကြိုပွဲတော်ကို ရုံးချုပ်၌ ဒီဇင်ဘာလ၊ (၁၈) ရက်နေ့တွင် ပျော်ရွှင်စွာ ကျင်းပခဲ့ပါသည်။ ထိုပွဲတွင် ဝန်ထမ်းအားလုံးသည် ချစ်ကြည်ရင်းနှီးမှု၊ ပျော်ရွှင်မှုများဖြင့် တစ်နေ့တာကို ဖြတ်သန်းခဲ့ကြသည်။

၂၀၂၅ ခုနှစ်အတွင်း အောင်မြင်မှုများရရှိအောင် အတူတကွ စွမ်းဆောင်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုရင်း ၂၀၂၆ နှစ်သစ်ကိုလည်း နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။ အမှုဆောင်အရာရှိများမှစ၍ ဌာနအသီးသီးရှိ စထာပါနာမိသားစုဝင်အားလုံးသည် လက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းနှင့် စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲအစီအစဉ်များကဲ့သို့ ပျော်ရွှင်စရာကောင်းသော လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဝန်ထမ်းများ၏ ဖျော်ဖြေတင်ဆက်မှုများဖြစ်သည့် ကြည်နူးဖွယ်ကောင်းသော ခရစ္စမတ်စ်သီချင်းများ၊ လှပသော အကအလှများနှင့် ရယ်မောပျော်ရွှင်ဖွယ် ပြဇာတ်တို့က ခရစ္စမတ်စ်ပွဲတော်၏ အငွေ့အသက်ကို ပိုမိုသက်ဝင်စေခဲ့ပြီး မမေ့နိုင်စရာ အခမ်းအနားတစ်ခု ဖြစ်စေခဲ့ပါသည်။ 🎅🎁

 

Share this post