10 Billion Loan Portfolio Achieved!

Big Congratulations to Intakaw Branch!

စထာပါနာလီမိတက်မြန်မာ၏ အင်းတကော်ရုံးခွဲသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ စာရင်းအရ ထုတ်ချေးငွေလက်ကျန် (Loan Outstanding) စုစုပေါင်း (၁၀) ဘီလီယံကျပ် ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါသည်။ ထို့အပြင် စထာပါနာတွင် ပထမဦးဆုံး ချေးငွေလက်ကျန် (၁၀) ဘီလီယံ ရရှိခဲ့သည့် ရုံးခွဲလည်းဖြစ်သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။

ယခုကဲ့သို့ ထူးချွန်ပြောင်မြောက်သော အောင်မြင်မှုမှတ်တိုင်ကို ရောက်ရှိနိုင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့ကြသော ပဲခူးတိုင်းဒေသကြီးတာဝန်ခံ၊ အင်းတကော်ရုံးခွဲတာဝန်ခံနှင့် အဖွဲ့ဝင်ဝန်ထမ်းများ အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ဤအောင်မြင်မှုသည် အသင်းသားများအား အရည်အသွေးမြင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် အင်းတကော်ရုံးခွဲအဖွဲ့သားများ၏ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှု၊ စိတ်အားထက်သန်မှု နှင့်  အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတို့၏ အဖိုးတန်ရလဒ်ပင် ဖြစ်ပါသည်။

ယခုကဲ့သို့ အောင်မြင်မှုရရှိခြင်းသည် စထာပါနာအပေါ် အစဉ်တစိုက် ယုံကြည်အားပေးကြသော အသင်းသားများကြောင့်လည်းဖြစ်ပါသဖြင့် စထာပါနာမှအသင်းသားများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ ရှေ့ဆက်၍လည်း အသင်းသားများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အကောင်းဆုံးသော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်နိုင်ရန် စထာပါနာမှ အမြဲတမ်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Congratulations once again to the Intakaw Branch on this outstanding achievement! 🎉

Share this post