မကွေးမြို့ရှိ မီးဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာတွင် (၁၂.၀၂.၂၀၂၀) နေ့က လောင်ကျွမ်းခဲ့သော သဘာဝမီးဘေးအန္တရာယ်ကြောင့် (၁၀၀%) မီးလောင်ဆုံးရှုံးခဲ့ရသော စထာပါနာ၏ အသင်းသား (၁၃) ဦးအား ဝန်ထုပ်ဝန်ပိုးဆက်လက်မဖြစ်စေရေးအတွက် စထာပါနာလီမိတက်မှ ရရန်ကျန်ရှိနေသေးသော ချေးငွေလက်ကျန် စုစုပေါင်း (ငွေကျပ် ၄,၅၇၅,၀၀၀/-) ကို အကြွေးစာရင်းမှ ပယ်ဖျက်ပေးခဲ့ပါသည်။

Continue Readingမကွေးမြို့ရှိ မီးဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

စစ်ကိုင်းမြို့၌ ရေသန့်စက်လှူဒါန်းခြင်း

စထာပါနာ၏ လူမှုအကျိုးပြုလုပ်ငန်းများလုပ်ကိုင်ရာတွင် လူထုများ၏ လူမှုဘဝဖူလုံရေးအတွက် အသင်းအဖွဲ့များတွင် ပါဝင်လှုပ်ရှားခြင်းကိုလည်း (Community Engagement) အထူးပြုလုပ်ဆောင်လျှက်ရှိသည်။ ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် ကျွနု်ပ်တို့ ရှင်သန်နေထိုင်အလုပ်လုပ်သော လူ့အဖွဲ့အစည်း၏ ချမ်းသာသုခကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ကျန်းမာရေးသည် လူသားအားလုံးအတွက် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ သန့်ရှင်းသောသောက်သုံးရေ ရနိုင်ခြေသည် ကျန်းမာသော စိတ်နှင့်ခန္ဓာကိုယ်အတွက် အသက်တမျှအရေးကြီးသည်။ ကျန်းမာသောစိတ်သည် အထူးသဖြင့် ကျောင်းသားများ၏ သင်ယူနိုင်စွမ်းကို…

Continue Readingစစ်ကိုင်းမြို့၌ ရေသန့်စက်လှူဒါန်းခြင်း