စထာပါနာလီမိတက်၊ ရန်ကုန်ရုံးချုပ်၏ သီတင်းကျွတ်အထိမ်းအမှတ် စုပေါင်းကန်တော့ပွဲနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနား
မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှုများထဲမှ တစ်ခုဖြစ်တဲ့ သီတင်းကျွတ်ပွဲတော်ကို အောက်တိုဘာလ၊ ၁၉ ရက်နေ့က စထာပါနာလီမိတက်၊ ရန်ကုန်ရုံးချုပ်မှာ ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် ရုံးချုပ်ဝန်ထမ်းများသည် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအဖွဲ့ဝင် လူကြီးမိဘများအား မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးစံအတိုင်း ရိုသေလေးစားစွာ စုပေါင်းကန်တော့ခဲ့ကြပါသည်။ ဒါ့အပြင် ဆီမီးကွက်အက၊ သီတင်းကျွတ်အကအလှများဖြင့် မြိုင်ဆိုင်စွာ ပါဝင်ဖျော်ဖြေခဲ့ကြပါသည်။ သီတင်းကျွတ်ပွဲ၏ အဓိကလှုပ်ရှားမှုအနေဖြင့်လည်း ဌာနအသီးသီးမှ ဝန်ထမ်းများ ကိုယ်တိုင်ပါဝင်ဆင်နွှဲကာ…