ဖွံ့ဖြိုးတိုးတက်မှုလှုပ်ရှားရေးခရီးလမ်း

ခိုင်မာတောင့်တင်းသော အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများသည် လူတိုင်းငွေကြေး ဝန်ဆောင် မှု လက်လှမ်းမီရေးကို ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် လူထုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပါသည်။ ထိုကဲ့သို့ ခိုင်မာတောင့်တင်းသော အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတခု တည်ဆောက်ရန် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်သူများ၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် အသင်းဝင်များ ကဲ့သို့ လုပ်ငန်းနှင့် ပါဝင်ပတ်သက်သူများ၏ ပါဝင်မှုကိုလည်း လိုအပ်ပါသည်။ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ ပါဝင်မှုသည် သက်ဆိုင်ရာနယ်မြေတွင် လူတိုင်းငွေကြေး ဝန်ဆောင်မှု ပိုမို လက်လှမ်းမီရေးကို အဆုံးအဖြတ်ပေးသည့် အဓိကကျသောအချက်များထဲမှ တချက်ဖြစ်သည် ဟု စထာပါနာလီမိတက်မှ ရှုမြင်ပါသည်။


ထိုအကြောင်းအရာကြောင့် တာဝန်သိသော၊ ရေရှည်တည်တံ့ခိုင်မြဲသော လူထုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပေါ် လာစေရေးအတွက် ချေးငွေထုတ်ပေးရေးအဆင့်ဆင့်တွင် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အရေးပါဝင်မှု ကို ဘယ်သောအခါမှ ကျွန်ုပ်တို့သည် လျစ်လျူမရှုခဲ့ပါ။ သာဓကအားဖြင့် အင်းစိန်မြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်မှ ဒေသန္တရအဖွဲ့အစည်းများသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၃၁) ရက်နေ့တွင် ကျင်းပသော၊ လွှတ်တော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အရေးကြီးပုဂ္ဂိုလ်များနှင့် မြို့နယ်အုပ်ချုပ်ရေးအောက်တွင်ရှိသော ကျေးရွာရပ်ကွက်အုပ်ချုပ်သူများ ပါဝင်သော ၎င်းတို့၏ လစဉ်အစည်းအဝေးတွင် ကျွန်ုပ်တို့အား ပါဝင်ခွင့်ပြုခဲ့ ပါသည်။ ထိုအစည်းအဝေးတွင် တဖွဲ့နှင့် တဖွဲ့ကြား အလေးထားသည့်အချက်များနှင့် အကြံဉာဏ်များကို လေ့လာသိရှိခဲ့ရပြီး ကျွန်ုပ်တို့နှင့် ဒေသန္တရအဖွဲ့အစည်းများကြား ဆင်းရဲနွမ်းပါးမှုပပျောက်ရန် တိုက်ဖျက်ရေး ဆိုသည့် တူညီသော အနာဂတ်ရည်မှန်းချက် နှင့် ထမ်းရွက်မည့်တာဝန် ရှိသည်ဆိုသည့်အချက်ကို တွေ့ရှိခဲ့ရ ပါသည်။ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် အစည်းအဝေးကို နတ်တလင်း၊ ကြို့ပင်ကောက်၊ ပေါင်းတည်၊ ဇီးကုန်း၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး၊ ဟိုပုံးနှင့် ထန်းတပင် မြို့နယ်များ၌လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာ လများတွင် ကျင်းပခဲ့ပါသည်။
ယင်းလှုပ်ရှားမှုများသည် ဤမျှနှင့် ရပ်တံ့သွားမည် မဟုတ်ဘဲ မြန်မာနိုင်ငံအနှံ့ရှိ အခြားမြို့နယ်များတွင်လည်း လူထုစီးပွားရေးဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်တခု တည်ဆောက်မှု အောင်မြင်လာစေရန် ကျွန်ုပ်တို့ လုပ်ငန်း နှင့် ပါဝင်ပတ်သက်သူများအားလုံးအား အာမခံချက်ပေးရင်းဖြင့် ထိုကဲ့သို့ ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ပါသည်။

Share this post