စထာပါနာလီမိတက်သည် ခရစ်စမတ်ချိန်ခါအတွက် ၂၀၂၃ ခုနှစ် ခရစ်စမတ်ပွဲကို ပျော်ရွှင်မှု၊ ရယ်မောမှု၊ ကျေးဇူးတင်မှု တို့နှင့်အတူ စထာပါနာရုံးချုပ်တွင် ပျော်ရွှင်ခမ်းနားစွာ ဆင်နွှဲခဲ့

စထာပါနာလီမိတက်သည် ခရစ်စမတ်ချိန်ခါအတွက် ၂၀၂၃ ခုနှစ် ခရစ်စမတ်ပွဲကို ပျော်ရွှင်မှု၊ ရယ်မောမှု၊ ကျေးဇူးတင်မှု တို့နှင့်အတူ စထာပါနာရုံးချုပ်တွင် ပျော်ရွှင်ခမ်းနားစွာ ဆင်နွှဲခဲ့ပါသည်။ ဤကြည်နူးဖွယ် အခါသမယတွင် အမှုဆောင်အရာရှိအဖွဲ့ဝင်မှအစ အခြားစထာပါနာလီမိတက်ရှိ ဝန်ထမ်းများအားလုံးသည် ကျေးဇူးတင်မှုနှင့် အစပြုထားသည့် လက်ဆောင်လဲခြင်း အစီအစဉ်နှင့် ခရစ်စမတ်အထိမ်းအမှတ် ကံစမ်းမဲ နှိုက်ခြင်း အစီအစဉ်များတွင် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။ ထို့အပြင် ဤပွဲတွင် ခရစ်စမတ်အခါသမယဖြစ်သည့်အညီ အမှတ်ရဖွယ် ခရစ်စမတ်ကာရိုလ် သီချင်းဆိုခြင်းနှင့် ကခြင်းအစီအစဉ်များနှင့်ပါ အလှဆုံးပွဲတော်ကို တန်ဆာဆင်ခဲ့ကြပါသည်။

Share this post