“Finance Company of the Year– Myanmar” ဆုတံဆိပ်လက်ခံရရှိခြင်းနှင့်ပတ်သက်၍ ဝမ်းမြောက်စွာအသိပေးကြေညာခြင်း

[ရန်ကုန်၊ မြန်မာ၊ ၂၅ ဇူလိုင်လ ၂၀၂၃]

စင်ကာပူနိုင်ငံအခြေစိုက် “Asian Banking & Finance” Retail Banking Awards 2023 မှပေးအပ်သော “Finance Company of the Year – Myanmar” ဆုကို စထာပါနာလီမိတက်မြန်မာမှ ထိုက်တန်စွာဆွတ်ခူးရရှိခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

“Asian Banking & Finance” သည် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ ငွေကြေးနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုပေးအပ်နေ သောထူးချွန်ပြောင်မြောက်သည့်ရလဒ်များရရှိသည့် ဘဏ်များနှင့်ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများကို နှစ်စဉ် ရွေးချယ် အသိအမှတ်ပြုကျင်းပသည့်၊ ဒေသတွင်းရှေ့ဆောင်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ဤအသိအမှတ်ပြုအစီ အစဉ်သည်သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အတွင်းမှ ဘဏ္ဍာရေးထုတ်ကုန်နှင့်ဝန်ဆောင်မှုကိုအသုံးပြုနေသော ဖောက်သည်များအတွက်၊ ကောင်းကျိုးဖြစ်ထွန်းစေသော လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆန်းသစ်တီထွင်မှုများကို ဖော်ထုတ်လုပ်ဆောင်ပေးသည့် ငွေကြေးနှင့်ဘဏ္ဍာရေးအဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပေးသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ လေးစားယုံကြည်ရသောအကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၏ စေ့စပ်သေချာသောရွေးချယ်ပေးမှုနှင့်အညီ၊  စထာပါနာလီမိတက်ကို “Finance Company of the Year – Myanmar” ဆုတံဆိပ်အား ထိုက်တန်စွာ ရွေးချယ် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။  

ဤဆုတံဆိပ်ရရှိမှုသည် စထာပါနာလီမိတက်အတွက်  အလေးထားမှတ်သားထိုက်သော အောင်မြင်မှုရလဒ်တစ်ခု ဖြစ်ပြီး စထာပါနာလီမိတက်သည် ခိုင်မာ၍ယုံကြည်အားကိုးထိုက်သော ငွေကြေးနှင့်ဘဏ္ဍာရေးတန်ဖိုးများကို ပိုင်ဆိုင် သည့်အဖွဲ့အစည်းတစ်ခုအဖြစ်သာမက၊ ဆုံးရှုံးနိုင်ခြေများကိုကောင်းစွာစီမံခန့်ခွဲနိုင်ခြင်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဆိုင်ရာဆောင်ရွက်ချက်များကို ထိရောက်စွာလုပ်ဆောင်နိုင်ခြင်း၊ ချေးငွေပေးအပ်ရန်ထိုက်တန်မှုနှင့်၊  လုပ်ငန်းရေရှည် တည်တံ့နိုင်ရန် ကောင်းမွန်သောအခြေခံများကိုပိုင်ဆိုင်ခြင်း စသည့်အချက်များကိုလည်း ထင်ဟပ်မြင်သာစေပါသည်။

ဤကဲ့သို့ ဂုဏ်သတင်းကြီးမားသော “Finance Company of the Year” ဆုကို ရွေးချယ်ချီးမြှင့်ခြင်းခံရသည့်အတွက် စထာပါနာလီမိတက်အနေနှင့် များစွာဂုဏ်ယူဝမ်းမြောက်ပြီး စထာပါနာ၏ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ဆက်စပ် ပတ်သက်သူ (Stakeholders) အားလုံးကိုလည်း လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ စထာပါနာလီမိတက်သည် မြန်မာနိုင်ငံ၏ ထိပ်တန်းစာရင်းဝင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ ရှေ့အနာဂတ် တွင်လည်း လွယ်ကူ၍လူတိုင်းလက်လှမ်းမီတတ်နိုင်သော၊ ရေရှည်တည်တံ့သည့် ငွေရေးကြေးရေးဆိုင်ရာဝန်ဆောင်မှု များကို မိမိ၏အသင်းသားများနှင့် မြန်မာပြည်သူများအတွက်  ဆက်လက်ပေးအပ်သွားပါမည်ဟု ဤနေရာမှ ထပ်လောင်းကတိကဝတ်ပြုအပ်ပါသည်။

SATHAPANA Limited Myanmar

ရန်ကုန်ရုံးချုပ် – အမှတ် (၃၅၁၊ ဘီ)၊ ပြည်လမ်း၊

စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

 

 

Share this post