Workplace Communicative English Training

စထာပါနာလီမိတက်သည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုကို စဥ်ဆက်မပြတ် အားပေးလျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အလျောက် ကုမ္ပဏီ၏ အောင်မြင်မှုကို ထောက်ပံ့ပေးသော လူ့စွမ်းအားအရင်းအမြစ် တစ်ခု ဖော်ဆောင်ရန် အလို့ငှာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် နှင့် အရည်အချင်း မြင့်မားမှုကို ကူညီထောက်ပံ့သော Training Program များ စီစဥ်ဆောင်ရွက်ပေးလေ့ရှိပါသည်။

ယခုအခါမှာလည်း ဝန်ထမ်းများအတွက် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ “Workplace Communicative English” သင်တန်းကို ရုံးချုပ်မှ ဝန်ထမ်းများအတွက် အောင်မြင်စွာ ပို့ချဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ သင်တန်းပြီးမြောက် အောင်မြင်သွားသော ဝန်ထမ်းများကိုလည်း စထာပါနာလီမိတက် အမှုဆောင်အရာရှိချုပ် Mr. Sudeep Gupta မှ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

 

Share this post