မြန်မာနိုင်ငံရှိ ဦးဆောင် တာဝန်သိ ဘဏ္ဍာရေးအဖွဲ့အစည်းများတွင် တစ်ခုအပါအဝင်ဖြစ်သော စထာပါနာလီမိ တက်သည် လူမှုအကျိုးပြုလုပ်ငန်းတစ်ခုဖြစ်သည့် လူထု၊ အသင်းသားတို့နှင့် ချိတ်ဆက်သည့် အစီအစဥ်များ ထဲမှ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးဆိုင်ရာအသိပညာများ မျှဝေပေးအပ်ရန်ဟူသည့် ကတိကဝတ်ကို ဖြည့် ဆည်းရန်ရည်ရွယ်၍ ငွေရေးကြေးရေးနှင့် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အခြေခံအသိပညာမျှဝေရေးအစီအစဥ် (Digital Financial Literacy Awareness Training Program) ကို အင်းစိန်ရုံးခွဲနှင့် လှိုင်သာယာရုံးခွဲ များမှ အသင်းသားများအား ဒီဇင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် မျှဝေပေးအပ်ခဲ့ပါသည်။ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ နှင့် ထန်းတပင် မြို့နယ်တို့မှ အသင်းသားများအား အောက်ပါ သင်ကြား ရေးခေါင်းစဥ်များဖြင့် ဝေမျှပေးခဲ့ပါသည်။
အသိပညာမျှဝေရေး အစီအစဥ်
(၁) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ
(၂) ဝင်ငွေ၊ သုံးစွဲမှု၊ စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု
(၃) ချေးငွေနှင့် အကြွေးကို စီမံခန့်ခွဲခြင်း
(၄) ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အခြေခံဗဟုသုတများ
(၅) ချေးငွေပြန်လည်ပေးဆပ်မှုကို ဒီဂျစ်တယ်မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု Platform မှတစ်ဆင့် ပြုလုပ်ခြင်း။
Citizens Pay သည်လည်း စထာပါနာနှင့်အတူ ဤအစီအစဥ်တွင် ပူးပေါင်းပါဝင်ခဲ့ပြီး အသင်းသားများအား Citizens Pay သုံးစွဲခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် သာလွန်ကောင်းမွန်မှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အသင်းသားများအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ ကော်ဖီနှင့် မုန့်များ ဖြင့် ဧည့်ခံ၍ အစီအစဥ်အား ရပ်နားခဲ့ပါသည်။


