မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာတွင် (၁၂.၀၂.၂၀၂၀) နေ့က လောင်ကျွမ်းခဲ့သော သဘာဝမီးဘေးအန္တရာယ်ကြောင့် (၁၀၀%) မီးလောင်ဆုံးရှုံးခဲ့ရသော စထာပါနာ၏ အသင်းသား (၁၃) ဦးအား ဝန်ထုပ်ဝန်ပိုးဆက်လက်မဖြစ်စေရေးအတွက် စထာပါနာလီမိတက်မှ ရရန်ကျန်ရှိနေသေးသော ချေးငွေလက်ကျန် စုစုပေါင်း (ငွေကျပ် ၄,၅၇၅,၀၀၀/-) ကို အကြွေးစာရင်းမှ ပယ်ဖျက်ပေးခဲ့ပါသည်။
