🎉 စထာပါနာဝန်ထမ်းများ၏ မေလ မွေးနေ့ပွဲ 🎉

စထာပါနာလီမိတက်မြန်မာသည် ဝန်ထမ်းများအကြား ပျော်ရွှင်မှု၊ စည်းလုံးညီညွတ်မှုနှင့် သဘောတူညီမှုကို အမြဲတမ်းတန်ဖိုးထားပြီး ထိုရည်ရွယ်ချက်အတိုင်း ဝန်ထမ်းအချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးစေရန်နှင့် လုပ်ငန်းအတွင်း သာယာသော ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်ရန်အတွက် ဝန်ထမ်းစုပေါင်းလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါသည်။
ထိုလှုပ်ရှားမှုများအနက်မှ တစ်ခုအဖြစ် မွေးနေ့ရှင်ဝန်ထမ်းများအတွက် မွေးနေ့ပွဲလေးများကို လစဉ် စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိပါသည်။ အဆိုပါပွဲများတွင် မွေးနေ့သီချင်းသီဆိုခြင်းနှင့် မွေးနေ့ကိတ်ခွဲခြင်းတို့ဖြင့် ဝန်ထမ်းအားလုံး ပျော်ရွှင်စွာ ဆင်နွှဲကြပါသည်။
🎈 ယခု ‌မေလတွင်လည်း ရုံးချုပ်နှင့် ရုံးခွဲအသီးသီးမှ ‌မေလမွေးနေ့ရှင်ဝန်ထမ်းများအတွက် မွေးနေ့ပွဲလေးကို သက်ဆိုင်ရာရုံးခွဲအခိုက် ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ပြီး၊ ပွဲအတွင်းမှ ရိုက်ကူးထားသော ကြည်နူးဖွယ်ရာ အမှတ်တရပုံရိပ်များကိုလည်း မျှဝေပေးလိုက်ပါတယ်။
 

 

 

 

Share this post