🎉🥳စထာပါနာလီမိတက်မှ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုကျင်းပခြင်း🥳🎉

၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စထာပါနာရုံးချုပ်၌ အထူးအစီအစဥ်တစ်ရပ်ကို ကျင်းပခဲ့ပါသည်။ အခမ်းအနားမှာ အဖွဲ့အစည်းအတွင်းရှိ အမျိုးသမီးများ၏ ကြိုးပမ်းအားထုတ်မှု၊ ကြံ့ခိုင်မှုနှင့် အဖိုးတန်သော အခန်းကဏ္ဍများကို အသိအမှတ်ပြု ဂုဏ်ပြုရင်း နွေးထွေးပြီး အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ခုဖြစ်စေရန် ရည်ရွယ်ပါသည်။
 
အဆိုပါအခမ်းအနားတွင် စထာပါနာလီမိတက်မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Sudeep Gupta မှလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း အကျဥ်းချုပ်အား မျှဝေပေးခဲ့ပြီး စထာပါနာလီမိတက်မြန်မာတွင် လုပ်ကိုင်ဆောင်ရွက်နေသော အမျိုးသမီးများ၏ စဥ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုနှင့် စွမ်းဆောင်ရည်ကိုလည်း အသိအမှတ်ပြုဂုဏ်ယူပြောကြားခဲ့ပါသည်။
 
ပွဲတွင်အမျိုးသမီးဝန်ထမ်းများအားလုံး၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတန်ဖိုးထားသည့် အနေဖြင့် အမှတ်တရကတ်များပေးအပ်၍ မုန့်များနှင့်လည်း တည်ခင်းဧည့်ခံကာ တက်ရောက်လာသူ အမျိုးသမီးများ အချင်းချင်း အတွေ့အကြုံ ခံစားချက်များကို ဖလှယ်ပြောကြားခဲ့ကြပါသည်။
 
ယခုကဲ့သို့ အဓိပ္ပါယ်ပြည့်ဝကောင်းမွန်သော လှုပ်ရှားမှုမျိုးကို လုပ်ဆောင်ရခြင်းအတွက်လည်း စထာပါနာလီမိတက်မြန်မာအနေနှင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်ရပြီး စထာပါနာမှ ထူးချွန်ထက်မြက်သော အမျိုးသမီးထုတစ်ရပ်လုံး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် စိတ်ရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
 

Share this post