စထာပါနာ လီမိတက် ဘောလုံးပြိုင်ပွဲ

စထာပါနာ လီမိတက် ဘောလုံးပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပါတ်နှင့် တတိယအပါတ်တို့တွင် အောင်မြင်စွာ ကျင်းပခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အသင်းပေါင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲအတွက် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့မှ အသင်း ၂ သင်းစီ ရွေးချယ်ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပဲခူးမြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပခဲ့ပါသည်။
ဗိုလ်လုပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်အနိုင်ရသော အသင်းများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ဧရာဝတီအသင်းမှ ပထမ၊ ပဲခူးအသင်းမှ ဒုတိယ နှင့် စစ်ကိုင်းအသင်းမှ တတိယဆုကို အသီးသီးရရှိပါသည်။ ဆုများကို စထာပါနာ CEO မှ ချီးမြှင့်ပေးပြီး ဘောလုံးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးခဲ့ပါသည်။

Share this post

More News!